DVB Logo
Home
မြန်မာသတင်း
မ​ကွေးမြို့တွင် အပူ​ရှောင်​စခန်း ​၄ ခု ဖွင့်လှစ်
DVB
·
May 14, 2019
မ​ကွေးမြို့တွင် အပူ​ရှောင်​စခန်း ​၄ ခု ဖွင့်လှစ်
1 / 7
Donate to DVB

ရာသီဥတု အပူဒဏ်​ကာကွယ်​နိုင်​ဖို့အတွက်​ မ​ကွေးမြို့မှာ ပထမဦးဆုံး အ​နေနဲ့ အပူ​ရှောင်​စခန်း ​လေးခု ဖွင့်လှစ်​​ပေးထားပါတယ်။

မ​ကွေးတိုင်းမှာ ရာသီဥတုက အရင်နှစ်တွေကထက်ပူပြင်းလာ​လို့ မ​ကွေးတိုင်း​ဒေသကြီး ​ဘေးအန္တရယ်​ဆိုင်​ရာ စီမံခန့်​ခွဲမှု ဦးစီးဌာနနဲ့ မြို့နယ်​အ​ထွေ​ထွေ အုပ်​ချုပ်​​ရေးဦးစီးဌာနရဲ့ အစီမံနဲ့ အပူ​ရှောင်​စခန်း ၄ ခုဖွင့်ဖို့ဆုံးဖြတ်​ခဲ့တာလို့ မ​ကွေးမြို့ ​အောင်​ချမ်းသာရပ်​ကွက်​ အုပ်​ချုပ်​​ရေးမှူး ဦးမြင့်​ဇော်​ကပြောပါတယ်။

သက်​ကြီးဘိုးဘွား​တွေ အပူဒဏ်​ကို ပြင်းပြင်းထန်​ထန်​ ခံစား​နေရတာကို ​သက်သာအောင် အရိပ်​အာဝါသ​ကောင်းတဲ့ ဘုန်​ကြီး​ကျောင်း​တွေကို ​ရွေးချယ်​ပြီး အပူရှောင်စခန်းတွေ ဖွင့်လှစ်​​ပေး တာလို့  မ​ကွေးတိုင်း​ ​ဘေးအန္တရာယ်​ဆိုင်​ရာ စီမံခန့်​ခွဲမှု ဦးစီးဌာန ဦးစီးမှူး ဦးမြင့်စိုးက ပြောပါတယ်။

“အပူ​ရှောင်​စခန်းတခုကို ရန်​ပုံ​ငွေ ကျပ် ခုနှစ်သိန်းခွဲနှုန်းနဲ့ ​ဆောက်​လုပ်​ဖို့ ခွင့်ပြုထားပြီးဖြစ်​တယ်​။ အရိပ်​​ကောင်းပြီး ကျယ်​ပြန့်​တဲ့ ဘုန်းကြီး​ကျောင်း​တွေကို​ရွေးချယ်​ထားပြီး အ​ဆောက်​ဦ ဆောက်​ဖို့လိုအပ်​တဲ့​နေရာ​တွေမှာ ထန်းလက်​မိုး ကွပ်​ပျစ်​ခင်း နှစ်​နေရာပြုလုပ်​​ ပေးထားပါတယ်​။ အပူ​ရှောင်​စခန်း​တွေအတွက်​ အ​ရေး​ပေါ် ကျန်းမာ​ရေး​​ စောင့်ရှောက်​မှု​ပေးနိုင်​ဖို့ အတွက်​ မိုဘိုင်း​ဆေးခန်း​တွေ ဖွင့်လှစ်​​ပေးဖို့ ကျန်းမာ​ရေးဌာနနဲ့ ညှိနှိုင်းထားပြီးဖြစ်​တယ်​။ အပူ​ရှောင်​စခန်းတခုကို လူဦး​ရေ ၁၅၀ ​လောက်​ နားခိုလို့ရပါတယ်​။ မနက်​ ၉ နာရီက​နေ ည​နေ ၄ နာရီထိဖွင့်လှစ်​ထားပြီး ဘိုးဘွား​တွေကို ​နေလည်​စာ​ကျွေး​မွေးပါတယ်​။ သွား​ရေးလာ​ရေး အဆင်​မ​ပြေသူ​တွေအတွက်​ အကြိုအပို့ လုပ်​​ပေးဖို စီစဉ်​ထားရှိပါတယ်​"လို့ ပြောပါတယ်​။

မ​ကွေးမြို့​ကျောင်းထိုင်​ဘုန်းကြီး​ကျောင်းတိုက်​၊ သာသနဗိမ္ဗာန်​​ကျောင်းတိုက်​၊ မဟာ ဓမ္မိကာရာမ​ကျောင်းတိုက်​၊ ရတနာသိဒ္ဓိ​ကျောင်းတိုက်​စတဲ့​လေး​နေရာမှာ အပူရှောင်စခန်းတွေ ဖွင့်လှစ်​​ပေးထားပါတယ်။ လတ်တလော​ ကျောင်းထိုင်​ဘုန်းကြီး​ကျောင်းတိုက် အပူ​ရှောင်​စခန်းမှာ ဒေသခံ ၇၅ ဦးလောက် လာ​ရောက်​ အပူ​ရှောင်​​နေကြပါတယ်​။ အပူသက်​သာ​စေရန်​ရည်​ရွယ်​ပြီး ဝါးစို​တွေနဲ့ ကွပ်​ပျစ်​​တွေထိုး​ပေးပြီး တပင်​တိုင်​​သောက်​​ရေအိုးစင်​​တွေလည်း ပြုလုပ်​​ပေးထားတာပါ၊ ​နောက်​ရက်​​တွေမှာ ကျန်းမာ​ရေး ဌာနက သူနာပြု ဆရာမ ၂ ဦးထားရှိ​ပေးဖို့ အစီအစဉ်ရှိပါတယ်​။

မ​ကွေးမြို့​အောင်​​မေတ္တာရပ်​ကွက်​မှ အပူ​ရှောင်​သူ ဦးပန်းစိန်​က "အိမ်​မှာ​နေတာနဲ့စာရင်​ အဘိုးအဘွား​တွေအတွက်​ ဒီစခန်းမှာ ​အေး​အေးချမ်းချမ်း​နေရပြီး အစား​သောက်​​တွေလည်း စီစဉ်​​ပေး​တော့ စိတ်​ချမ်းသာပါတယ်​။ ဒီလိုစခန်း​တွေမရှိရင်​ အပူရှိန်​ပြင်းပြီး အသက်​ဆုံးရှုံးနိုင်​တယ်​လို့"​ပြောပါတယ်​။

မ​ကွေးမြို့ ရန်​ကင်းရပ်​ကွက်​မှ ​ဒေါ်ဆန်းယဉ်​က "အိမ်မှာအပူရှိန်ပြင်းပြီး ​​အပူ​ရှောင်​စခန်းမှာ ​အေး​အေးချမ်းချမ်းနဲ့ ​နေမထိုး​အောင်​ အရိပ်​စ​တွေ ကာ​ပေးထားတယ်​။ ကွပ်​ပျစ်​​တွေထိုး​ပေးပြီး၊ ​သောက်​​ရေအိုး​တွေလည်း ​အေး​အေး​လေး​သောက်​ရ​အောင်​ စီစဉ်​​ပေးထားတဲ့အတွက်​ စီစဉ်​​ပေးတဲ့သူ​တွေကို ​ကျေးဇူးတင်​ပါတယ်​လို့"ဆိုပါတယ်​။

အလားတူ ပခုက္ကူမြို့ ပုထိုး​တော်​ကြီး ဘုန်းကြီး​ကျောင်းမှာလည်း အပူ​ရှောင်​တဲအလုံး ၂၀ တည်​​ဆောက်​​ပေးပါတယ်။

ချောက်​မြို့မှာ​တော့ မြို့နယ်​အ​ထွေ​ထွေအုပ်​ချုပ်​​ရေးဦးစီးဌာနနဲ့ ပရဟိတအဖွဲ့​တွေ ပူး​ပေါင်းပြီး အပူ​ရှောင်​စခန်းအခု ၂၀ ခန့်​တည်​​ဆောက်​ထားတယ်​လို့ မ​ကွေးတိုင်း​ ​ဘေးအန္တရာယ်​ဆိုင်​ရာ စီမံခန့်​ခွဲမှု ဦးစီးဌာနက သိရပါတယ်​။

ယခုနှစ်​ ​နွေရာသီမှာ မြန်​မာပြည်​အလယ်​ပိုင်း မ​ကွေးတိုင်း​ဒေသကြီးဟာ ယခင်​နှစ်​​တွေကထက်​ အပူချိန်​ စံချိန်​တင်​မြင့်မား​နေတာပါ။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013