DVB Logo
Home
မြန်မာသတင်း
တောင်းဆိုချက် မရမချင်း ဆက်လက်ဆန္ဒပြမည်ဟု တော်ဝင်အလုပ်သမားများ ပြော
DVB
·
November 6, 2012
တောင်းဆိုချက် မရမချင်း ဆက်လက်ဆန္ဒပြမည်ဟု တော်ဝင်အလုပ်သမားများ ပြော
Donate to DVB

သူတို့ရဲ့တောင်းဆိုချက်တွေကို အလုပ်ရှင်ဘက်က မလိုက်လျောမချင်း ဆက်ပြီး ဆန္ဒပြသွားမယ်လို့ တော်ဝင်သစ်အချောထည်စက်ရုံက အလုပ်သမားတွေက ပြောဆို လိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာ စက်မှုဇုန်မှာရှိတဲ့ တော်ဝင်သစ်အချောထည်စက်ရုံက အလုပ်သမားတွေ ဆန္ဒပြတာဟာ ဒီနေ့ဆိုရင် ၁၃ ရက်မြောက်နေ့ဖြစ်ပါတယ်။

[caption id="attachment_32726" align="alignleft" width="300" caption="ဆန္ဒဖော်ထုတ်နေကြသည့် တော်ဝင်သစ်အချောထည် စက်ရုံအလုပ်သမားများ"][/caption]

အခုချိန်ထိ အလုပ်ရှင်ဘက်က တစုံတရာ ညှိနှိုင်းပေးတာမရှိတဲ့အတွက် သူတို့တောင်းဆိုချက်တွေ မရမချင်းဆက်ပြီး ဆန္ဒပြသွားမယ်လို့  အစာငတ်ခံ ဆန္ဒပြအလုပ်သမား ကိုဇော်လင်းက ပြောပါတယ်။

“စာချုပ်ချုပ်ထားတာတွေလည်း ဖောက်ဖျက်ခံရတယ်။ ခေါင်းဆောင် ၇ ယောက် တရားစွဲခံထားရတယ်။ စာချုပ်ချိုးဖောက်ခံရတာ တရားစွဲဆိုမယ့်သူမရှိဘူး။ အဲတော့ ကျနော်တို့ကိုကူညီနိုင်မယ့်သူ၊ အစိုးရလည်း မကူညီနိုင်ဘူး၊ ဘာမှလုပ်မပေးနိုင်ဘူး။ ကျနော်တို့ကို လုပ်ပေးနိုင်မယ့်သူ အခုထိ မတွေ့သေးဘူး။ လုပ်ပေးနိုင်မယ့်သူကို မျှော်နေတာပေါ့။ ကျနော်တို့ တောင်းဆိုတာတွေ မရမချင်း ဒီစည်းဝိုင်းထဲက ထွက်သွားမှာမဟုတ်ဘူး။ ဆက်ဆန္ဒပြသွားမယ်။ အဓိကက စက်ရုံထဲကို ပြန်ဝင်ခွင့်ရတဲ့ အခွင့်အရေးနဲ့ အပြင်ဆိုဒ်ကို မပို့ရေးပေါ့။”

တော်ဝင်သစ် အချောထည်စက်ရုံက အလုပ်သမား ၂၀၀ ကျော်ဟာ သူတို့နဲ့ အလုပ်ရှင်အကြား ချုပ်ဆိုထားတဲ့ အလုပ်သမားအခွင့်ရေးဥပဒေတွေကို အလုပ်ရှင်ဘက်က ချိုးဖောက်တဲ့အတွက် ကန့်ကွက်ဆန္ဒပြနေကြပြီး သူတို့ကို အပြင်ဆိုဒ်မပို့ဖို့လည်း တောင်းဆိုဆန္ဒပြကြတာဖြစ်ပါတယ်။

ဆန္ဒပြသူ ၂၀၀ ကျော်ထဲက ၁၀ ဦးဟာ နိုဝင်ဘာလ ၁ ရက်နေ့ကစပြီး အစာငတ်ခံဆန္ဒပြကြတာ ဖြစ်ပါတယ်။ အစာငတ်ခံဆန္ဒပြ အလုပ်သမားတွေထဲက ၂ ဦးကတော့ အရေးပေါ်အခြေအနေနဲ့ ရွှေပြည်သာ ဆေးရုံမှာ တင်ထားရပြီး ကျန်အလုပ်သမားတွေလည်း အားနည်းပြီး ကျန်းမာရေးချို့တဲ့မှု ရှိနေတယ်လို့  အလုပ်သမားအရေးဆောင်ရွက်ပေးနေတဲ့ ကိုကျော်မင်းက ပြောပါတယ်။

“အလုပ်သမားတွေရဲ့ ကျန်းမာရေးအခြေအနေက စိုးရိမ်ရတဲ့ အခြေအနေမှာရှိနေပါတယ်။ နောက် အစာငတ်ခံ ဆန္ဒပြတဲ့ အလုပ်သမား အမျိုးသား ၂ ယောက်ကို ရွှေပြည်သာဆေးရုံမှာတင်ထားရတယ်။ အစာငတ်ခံဆန္ဒပြတဲ့အထဲမပါတဲ့ ၁ ယောက်လည်း ဆေးရုံတင်ထားရတာရှိတယ်။ ၂ ရက်နေ့က ဖြစ်ပွားတာနဲ့ ပတ်သက်ပြီး အလုပ်သမား ၄ ယောက်နဲ့ အမျိုးသမီး ၁ ယောက် အင်းစိန်ဆေးရုံတင်ထားရသူတွေက ဆေးရုံပြန်မဆင်းသေးဘူး။ ၁ ယောက်ဟာဆိုရင် တော်တော်ဆိုးဆိုးဝါးဝါး အရေးပေါ်အခြေအနေ ဖြစ်နေပါတယ်။”

အလုပ်သမားတွေအနေနဲ့ သူတို့ တောင်းဆိုချက်မရမချင်း ဆက်ပြီးဆန္ဒပြမယ်လို့ ပြောဆိုတဲ့အတွက် ဆန္ဒပြ အလုပ်သမား ၂၀၀ ကျော်အတွက် နေ့စဉ်စားဝတ်နေရေး အခက်အခဲဖြစ်ပေါ်နေပြီးလို့လည်း ကိုကျော်မင်းက ပြောပါတယ်။

အလှူရှင်ဘက်က သူတို့အတွက် အစားအသောက်လာရောက်ကူညီမှုနည်းသွားတဲ့အပြင် ရပ်ကွက်တွေမှာ လိုက်ပြီး အလှူခံရာမှာလည်း အာဏာပိုင်တွေက ခွင့်မပြုတဲ့အတွက် အစားအသောက်အတွက် အခက်အခဲ ဖြစ်ကုန်တာလို့လည်း ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013