DVB Logo
Home
မြန်မာသတင်း
တာချီလိတ်တွင် တရုတ်နိုင်ငံသား ၁၈၀ ကျော်ကို လက်နက်ခဲယမ်းများနှင့်အတူဖမ်းမိ
DVB
·
May 14, 2019
တာချီလိတ်တွင် တရုတ်နိုင်ငံသား ၁၈၀ ကျော်ကို လက်နက်ခဲယမ်းများနှင့်အတူဖမ်းမိ
1 / 3
Donate to DVB

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့ပေါ် ရပ်ကွက်တွေမှာ တရားမ၀င် နေထိုင်နေတဲ့ တရုတ်နိုင်ငံသား အယောက် ၁၈၀ ကျော်ကို လက်နက်ခဲယမ်းများနဲ့အတူ မေလ ၁၃ ရက် က ဖမ်းဆီးရမိတယ်လို့ တာချီလိတ်မြို့မရဲစခန်းက သိရပါတယ်။

တရုတ်နိုင်ငံသားတွေကို ရဲတပ်ဖွဲ့ဝင်တွေအပါအ၀င် လူဝင်မှုကြီးကြပ်ရေးအဖွဲ့နဲ့ တပ်မတော်တို့ ပူးပေါင်းပြီး နေရာ သုံးနေရာမှာ အဖွဲ့သုံးဖွဲ့ခွဲပြီး ဖမ်းဆီးခဲ့တာလို့ တာချီလိတ်မြို့မရဲစခန်းက နယ်ထိန်းခေါင်းဆောင် ကိုကိုဦးက ပြောပါတယ်။

“အခုလောလောဆယ်အချိန်ထိတော့ စစ်ဆေးနေတုန်းပဲ ဘယ်က၀င်လာလဲ၊ ဘာလာလုပ်တာလဲဆိုတာ တရားမ၀င်နေထိုင်တဲ့ တရုတ်တွေရှိတယ်လို့ သတင်းကြားလို့ ဖမ်းဆီးထားတာပါ။ တချို့ကလည်း တရားဝင်အထောက်အထားပါတယ်။ တချို့ကလည်း မပါဘူး။ လူဦးရေ တအားများလို့ အခုအချိန်ထိတော့ စစ်ဆေးတုန်းပါပဲ” လို့ ပြောပါတယ်။

ဖမ်းဆီးထားတဲ့ တရုတ်နိုင်ငံသားတွေဆီက M22 သေနတ်အမျိုးအစား ၃ လက် ခဲယမ်း အတောင့် ၃၀၀ ကျော်အပြင် စကားပြောစက်နဲ့ ဖုန်းအလုံးရေ ၂၀၀ ကျော်၊ လိုင်စင်မဲ့ မော်တော်ယာဉ်တွေလည်း ဖမ်းဆီးရမိထားပါတယ်။

အဆိုပါဖမ်းဆီးခံထားရသူတွေထဲမှာ အုပ်စုလိုက် ဂိုဏ်းဖွဲ့ပြီး အွန်လိုင်းလောင်းကစားဂိမ်း လာကစားသူတွေပါဝင်သလို ကာစီနိုရုံတွေမှာ လာင်းကစားလာလုပ်နေကြသူတွေလည်း ပါဝင်တယ်လို့   ဒေသခံတွေရဲ့ ပြောချက်အရ သိရပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်း ရွှေတြိဂံဒေသရှိ တာချီလိတ်၊ မိုင်းလားနဲ့ လာအိုနိုင်ငံအတွင်းက ဟိုတယ်တွေမှာ ဖွင့်လှစ်ထားတဲ့ ကာစီနိုရုံတွေမှာ တရုတ်နိုင်ငံသားတွေအပါအ၀င် ကိုရီးယားနဲ့ ထိုင်းနိုင်ငံသားတွေလည်း တရားမ၀င်လာရောက် လောင်းကစားလေ့ရှိပါတယ်။

သတင်း- ကိုဇက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013