DVB Logo
Home
မြန်မာသတင်း
ပူပြင်းခြောက်သွေ့သည့် အယ်နီညို သြဂုတ်လအထိ ဆက်ရှိမည်
DVB
·
May 13, 2019
ပူပြင်းခြောက်သွေ့သည့် အယ်နီညို သြဂုတ်လအထိ ဆက်ရှိမည်
Donate to DVB

ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုဖြစ်စဉ် အယ်နီညိုဟာ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လအထိ ဆက်လက်ရှိနိုင်တယ်လို့ မိုးလေ၀သဌာနက သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ မိုးလေ၀သနှင့် ရာသီဥတုခန့်မှန်းရေး ဗဟိုဌာနတွေကို ကိုးကားပြီး မေ ၁၃ ရက်မှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

၂၀၁၉ခုနှစ် မေ၊ ဇွန်၊ ဇူလိုင် လအထိ အယ်နီညိုဖြစ်ပေါ်နိုင်မှု ရာခိုင်နှုန်း (၈၀%)အထိ ရှိနိုင်ပြီး၊ ၂၀၁၉ ခုနှစ်၊ ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာလတို့မှာ (၆၂%)သို့ ပြန်လည် လျော့ကျလာနိုင်တယ်လို့လည်း မိုးလေ၀သသတင်းမှာ ဖော်ပြပါတယ်။

၂၀၁၉ ခုနှစ်၊ မေလအတွင်း အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ အရှေ့ အလယ်ပိုင်း(East Central Tropical Pacific Ocean)ရဲ့  ပင်လယ်ရေမျက်နှာပြင် အပူချိန်ဟာ ပုံမှန်ထက် အနည်းငယ် မြင့်နေဆဲဖြစ်တယ်။

ဒါ့ကြောင့် အယ်နီညို ဖြစ်စဉ်ဟာ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လအထိ ဆက်လက်ရှိနိုင်တယ်လို့ နိုင်ငံတကာ မိုးလေ၀သနှင့် ရာသီဥတုခန့်မှန်းရေး ဗဟိုဌာနတွေက ထုတ်ပြန်ထားပါတယ်။

အယ်လ်နီညိုရာသီဥတုဖြစ်စဉ် ဖြစ်ပေါ်နေလို့ မြန်မာပြည် အောက်ပိုင်းဒေသတွေမှာ အအေးပေါ့နိုင်ပြီး နွေရာသီမှာ သာမန်ထက်ပိုပြီး ပူပြင်းခြောက်သွေ့နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းကလည်း အယ်လ်နီညို ရာသီဥတုဖြစ်စဉ်ရဲ့ သက်ရောက်မှုကို မြန်မာနိုင်ငံ ကြုံတွေ့ခဲ့ရပြီး မြစ်ဝကျွန်းပေါ်ဒေသနဲ့ မြန်မာပြည်တောင်ပိုင်းမှာ ပူပြင်းခြောက်သွေ့ ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013