DVB Logo
Home
မြန်မာသတင်း
ကုလလက်ထောက် အထွေထွေအတွင်းရေးမှူးချုပ် ရခိုင်စစ်ဘေးရှောင်များထံ သွားခွင့်မရ
DVB
·
May 13, 2019
ကုလလက်ထောက် အထွေထွေအတွင်းရေးမှူးချုပ် ရခိုင်စစ်ဘေးရှောင်များထံ သွားခွင့်မရ
Donate to DVB

ရခိုင်ပြည်နယ်မှာ ရောက်ရှိနေတဲ့ ကုလသမဂ္ဂ လက်ထောက် အထွေထွေအတွင်းရေးမှူးချုပ် အရေးပေါ်ကယ်ဆယ်တုံ့ပြန်ရေးဆိုင်ရာ ဒုညှိနှိုင်းရေးမှူး မစ္စအာရ်ဆူလာမြူလာနဲ့အဖွဲ့ဟာ ရခိုင် စစ်ဘေးဒုက္ခသည်တွေဆီ သွားရောက်ခွင့် မရခဲ့ပါဘူး။

တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်အလယ်ပိုင်းကို သွားရောက်ခွင့်တင်ပြခဲ့ပေမယ့် လုံခြုံရေးကို အကြောင်းပြပြီး အာဏာပိုင်တွေက သွားခွင့်မပြုခဲ့ဘူးလို့ အဲဒီအဖွဲ့ရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

ကုလ ကိုယ်စားလှယ်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်သူ မစ္စနမ်စီမဂ္ဂလီက "အထူးသဖြင့် ရခိုင်ပြည်နယ် အလယ်ပိုင်းမှာရှိတဲ့ အေအေနဲ့ တပ်မတော်နဲ့ တိုက်ပွဲတွေကြောင့်ဖြစ်တဲ့ နယ်ရပ်စွန့်ခွာတိမ်းရှောင်သူတွေဆီ သွားဖို့အတွက် ကျမတို့ ဆရာမကြီး မစ္စအာရ်ဆူလာမူလာက Request လည်းတင်တယ် ပေါ့နော်။ ဒါပေမဲ့ သွားလာခွင့်တော့ မရခဲ့ဘူး။ နိုင်ငံတော်အစိုးရရဲ့ ပြောကြားချက်ကတော့ လုံခြုံရေးအခြေနေကြောင့် ကျမတို့ကို ပေးမသွားဘူးပေါ့နော်"လို့ ပြောပါတယ်။

ခုလိုသွားခွင့်မရတဲ့ကိစ္စ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ဒီဗွီဘီက မေးမြန်းတဲ့အခါ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုနဲ့ လမ်းပမ်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက "သွားခွင့်မရဘူး မဟုတ်ဘူး။ သွားခွင့်ပေးတယ်။ တိုက်ပွဲတွေ ဖြစ်နေတဲ့အခါကျတော့ သူတို့ရဲ့ အသက်အန္တရာယ်တွေ၊ ဘေးအန္တရာယ်တွေ။ နေ့တဓူဝ တိုက်ပွဲတွေ ဖြစ်နေတယ်။ ဗုံးပေါက်နေတယ်။ တခုခုဖြစ်သွားရင် ပြဿနာဖြစ်မှာစိုးလို့ အစိုးရဆီမှာ CC Meeting မှာ တင်ပြပြီးမှ သွားလို့ရမယ့် အနေအထားပေါ့"လို့ ဆိုပါတယ်။

မစ္စအာရ်ဆူလာမြူလာ ဦးဆောင်တဲ့ အဲဒီအဖွဲ့ဟာ ရခိုင်ပြည်နယ် စစ်တွေမြို့ကို မေလ ၁၂ ရက်ကရောက်ရှိလာပြီး ဆာဘာကျေးရွာကိုသွားရောက်ခဲ့ပါတယ်။ ဒီနေ့မှာတော့ ပြည်နယ်အစိုးရအဖွဲ့နဲ့ သီးသန့်တွေ့ဆုံခဲ့သလို စစ်တွေမြို့ ဒါးပိုင်ရွာ ကယ်ဆယ်ရေးကို သွားရောက်ခဲ့ပါတယ်။

သူမရဲ့ မြန်မာနိုင်ငံခရီးစဉ်မှာ ရခိုင်ပြည်နယ်အပါအဝင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တွေကို လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သတ်ပြီး မေလ ၉ ရက်ကနေ ၁၄ ရက်ထိ သွားရောက်လေ့လာမှာ ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် နိုင်ငံတော် ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့လည်း နေပြည်တော်မှာ တွေ့ဆုံဖို့  အစီအစဉ်ရှိပါတယ်။

ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013