DVB Logo
Home
မြန်မာသတင်း
မိုင်းပျဉ်းတွင် ချောင်းအတွင်း ယာဉ်တစီး ထိုးကျ၊ ၅ ဦး ရေနစ်သေဆုံး
DVB
·
May 13, 2019
မိုင်းပျဉ်းတွင် ချောင်းအတွင်း ယာဉ်တစီး ထိုးကျ၊ ၅ ဦး ရေနစ်သေဆုံး
Donate to DVB

ရှမ်းပြည်နယ်၊ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ ပိန်းဆန်းရပ်ကွက် ကျိုင်းတုံ-တောင်ကြီးကားလမ်း မိုင်တိုင် (၃၃၆/၇) ကြားမှာ မေ ၁၂ ရက် ညနေပိုင်းက ယာဉ်တစီး  ချောင်းထဲထိုးကျခဲ့လို့ ၅ ဦး ရေနစ်သေဆုံးခဲ့ပါတယ်။

တာချီလိတ်ကနေ တောင်ကြီးကို မောင်းနှင်ပြီး လူ ၇ ဦးလိုက်ပါလာတဲ့ ယာဉ်ဟာ အရှိန်မထိန်းနိုင်ဘဲ လမ်းဝဲဘက်ရှိ အနက် ၅၀ ပေလောက် ချောင်း (ရေအနက် ၇ ပေ) အတွင်း ထိုးကျပြီး ပက်လက်လန်တိမ်းမှောက်ခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း သီဟ အပါအ၀င် ၅ ဦး (ကျား ၃၊ မ ၂) တို့ ယာဉ်အတွင်းပိတ်မိပြီး အခင်းဖြစ်နေရာမှာ ရေနစ်သေဆုံးခဲ့ကာ ကျန် ၃ ဦး (မစိုးရိမ်ရ)  ဒဏ်ရာတွေ ရရှိခဲ့တာကြောင့် မိုင်းပျဉ်းပြည်သူ့ဆေးရုံ ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

မိုင်းပျဉ်းမြို့မရဲစခန်းက ယာဉ်မောင်းဖြစ်သူကို ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇/၂၇၉ ပေါ့လျော့မှုကြောင့် လူသေမှု၊ ပြင်းထန်/ သာမန်နာကျင်စေမှု၊ ယာဉ်မဆင် မခြင် မောင်းနှင်မှုတို့နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013