DVB Logo
Home
မြန်မာသတင်း
ထိုင်းတောထဲ ၅ ရက်ကြာ ပုန်းအောင်းနေသည့် မြန်မာ ၂၇ ဦး ဖမ်းဆီးခံရ
DVB
·
May 13, 2019
ထိုင်းတောထဲ ၅ ရက်ကြာ ပုန်းအောင်းနေသည့် မြန်မာ ၂၇ ဦး ဖမ်းဆီးခံရ
1 / 2
Donate to DVB

ထိုင်းတောင်ပိုင်း၊ ဆုန်ခလာခရိုင်၊ ဟတ်ယိုင်မြို့နယ်ထဲမှာ တရားမ၀င် ၀င်ရောက်လာပြီး တောထဲ  ပုန်းအောင်းနေတဲ့ မြန်မာနိုင်ငံသား ၂၇ ဦးကို ဖမ်းဆီးရမိတယ်လို့ မန်နေဂျာ အွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ထိုင်းတာဝန်ရှိသူတွေဟာ ဒီမတိုင်ခင်က တရားမ၀င်အလုပ်သမားတွေ တင်သွင်းနေတဲ့  ပွဲစားတဦးကို ဖမ်းဆီးမိခဲ့ပြီး နောက်ဆက်တွဲအနေနဲ့ ဟတ်ယိုင်မြို့နယ် ဘန့်ဖရူအုပ်စု ဂေါက်ကွင်းအနောက်ဘက် တောအုပ်ထဲပုန်းအောင်းနေတဲ့ မြန်မာနိုင်ငံသား ၂၇ ဦးကို မေ ၁၂ ရက်နေ့က သွားရောက်ဖမ်းဆီးခဲ့တယ်လို့ ထိုင်းနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့ ဥက္ကဋ္ဌ ရဲမှူးကီး နိုင်းဆူချတ် ထီရဆ၀ပ်ဒီက ပြောပါတယ်။

အမှတ် ၆ တိုင်းဒေသရဲတပ်ဖွဲ့၊ လ၀ကရဲနဲ့ နယ်မြေခံ စစ်တပ်တွေ ပူးပေါင်းပါဝင်တဲ့ အဖွဲ့ဟာ ရှေးဦးစွာ တရားမ၀င်သူတွေ ပုန်းအောင်းနေတဲ့ နယ်မြေတ၀ိုက် လူခွဲပြီး ၀ိုင်းထားကြောင်း၊ အဲဒီနောက် ဖမ်းဆီးခံထားရတဲ့ ပွဲစားက ပုန်းနေတဲ့လူတွေ ထွက်လာဖို့ အချက်ပေးပြီး လက်ယပ်ခေါ်ရာမှာ လမ်းပြက ရှေ့ဆုံးထွက်လာပြီးနောက် ကျန်တဲ့သူတွေ တယောက်ပြီး တယောက် ထွက်လိုက်လာတာလို့ ဆိုပါတယ်။

စစ်ဆေးမေးမြန်းချက်အရ သူတို့အားလုံးဟာ ရန်ကုန်မြို့ကနေ မလေးရှားနိုင်ငံကို အလုပ်သွားလုပ်ဖို့အတွက်  ပွဲစားအဆက်အသွယ်နဲ့ ရောက်လာတာဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ ထဲကို ရနောင်းဘက်ကနေ ၀င်လာတာဖြစ်ပြီး မလေးရှားဘက်ကို ဆက်သွားဖို့ လာကြိုမယ့်သူကို စောင့်ဆိုင်းနေကြတာလို့ ဆိုပါတယ်။

သူတို့ဟာ အဲဒီတောထဲရောက်နေတာ ၅ ရက်ရှိပြီး ထမင်းမစားရဘဲ ရေနဲ့သရေ စာတချို့သာ စားရလို့  နုန်းချည်အားပျော့နေကြတယ်လို့ ရဲမှူးကြီး နိုင်းဆူချတ်က ပြောပါတယ်။

သူတို့ကို တရားမ၀င်နိုင်ငံထဲ ၀င်ရောက်လာမှုနဲ့ အရေးယူပြီး မူရင်းနိုင်ငံပြန်ပို့ဖို့ ထုန့် လုန်ရဲစခန်းကို ပို့ဆောင်ထားကြောင်း၊ ပွဲစားကိုတော့ နောက်ထပ်ကွင်းဆက်တွေ စစ်ဆေးမေးမြန်းပြီး လူကုန်ကူးမှုနဲ့ အရေးယူသွားမယ်လို့ ရဲမှူးကြီး နိုင်းဆူချတ်က သတင်းထောက်တွေကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013