DVB Logo
Home
မြန်မာသတင်း
ကုလလက်ထောက်အထွေထွေအတွင်းရေးမှူး မွတ်စလင်ဒုက္ခသည်စခန်း သွားရောက်
DVB
·
May 13, 2019
ကုလလက်ထောက်အထွေထွေအတွင်းရေးမှူး မွတ်စလင်ဒုက္ခသည်စခန်း သွားရောက်
1 / 3
Donate to DVB

လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂလက်ထောက် အထွေထွေအတွင်းရေးမှူး၊ အရေးပေါ်ကယ်ဆယ်တုံ့ပြန်ရေးဆိုင်ရာ ဒုတိယညှိနှိုင်ရေးမှူး မစ္စအာရ်ဆူလာမြူလာဟာ စစ်တွေမြို့နယ်၊ ဒါးပိုင်ကျေးရွာ၊ ရော်ဘာခြံ မွတ်စလင်ဒုက္ခသည် ကယ်ဆယ်ရေးစခန်းကို ဒီကနေ့မနက်ပိုင်းက သွားရောက်ခဲ့ပါတယ်။

မနေ့က နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်ရှိလာတာဖြစ်ပြီး စစ်တွေမြို့ ဘာဆာရာကျေးရွာက မွတ်စလင် ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာတော့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့နဲ့ တွေ့ဆုံခဲ့သလို စစ်တွေမြို့မှာရှိတဲ့ ကုလသမဂ္ဂရုံးကိုလည်း သွားရောက်ခဲ့ပါသေးတယ်။

ကုလသမဂ္ဂလက်ထောက် အထွေထွေအတွင်းရေးမှူးဟာ ရခိုင်ပြည်နယ်အပါအဝင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တွေကို လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သတ်ပြီး မေလ ၉ ရက်ကနေ ၁၄ ရက်ထိ သွားရောက်လေ့လာမှာ ဖြစ်ပါတယ်။

နောက်ပြီး နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဖို့ စာတင်ထားကြောင်း အဲဒီအဖွဲ့ရဲ့ ပြောခွင့် ရှိသူတွေက ပြောပါတယ်။

သတင်း-ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013