DVB Logo
Home
မြန်မာသတင်း
မူးယစ်ကုန်သည်အဖွဲ့နှင့် ထိုင်းစစ်တပ် ပစ်ခတ်မှုဖြစ်၊ ၄ ဦးသေဆုံး
DVB
·
May 13, 2019
မူးယစ်ကုန်သည်အဖွဲ့နှင့် ထိုင်းစစ်တပ် ပစ်ခတ်မှုဖြစ်၊ ၄ ဦးသေဆုံး
Donate to DVB

မြန်မာနိုင်ငံ တာချီလိတ်ခရိုင်ဘက်ကနေ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နယ်ဘက်ကို ၀င်ရောက် လာတဲ့ မူးယစ်ဆေးဝါးသယ်ဆောင်သူတွေနဲ့ ထိုင်းစစ်တပ်တို့ ထိတွေ့ပစ်ခတ်မှုရှိပြီး မူးယစ် သယ်ဆောင်တဲ့အဖွဲ့က ၄ ဦးသေဆုံးကာ  ကက်တမင်းမူးယစ်ဆေး ၃၄၀ ကီလို ဖမ်းမိတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

ဒီမတိုင်ခင် မေလ ၁၁ ရက်နေ့ညက နယ်မြေထဲ မူးယစ်ဆေးဝါး သတင်းရအရ ထိုင်းစစ်တပ်က မယ်ဆိုင်မြို့နယ် ကော်ချန့်ကျေးရွာ အုပ်စု ပါဒဲန်ကျေးရွာထဲမှာ စောင့်ဆိုင်းနေခဲ့တယ်လို့ သံချပ်ကာတပ် တပ်မမှူးနဲ့ မူးယစ်ဆေးဝါး နှိမ်းနင်းရေးဌာနမှူး ဗိုလ်မှူးကြီး  ၀ိချစ် ၀ုန်းဆိင်က သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

ည  ၉ နာရီ ၁၅ မိနစ်လောက်မှာတော့ ကျောပေါ်မှာ အထုတ်ကိုယ်စီသယ်ပိုးလာတဲ့ လူ အယောက် ၃၀ လောက်ဟာ မြန်မာနိုင်ငံ တာချီလိတ်မြို့နယ် ဟွေ့ဒင်ဒမ်ကျေးရွာ အုပ်စု ဘက်ကနေ မယ်ဟုတ်ချောင်းကို ကျော်ဖြတ်ပြီး ပြောင်းဖူးခင်းတွေထဲကို ၀င်ရောက်လာကြောင်း၊ မြန်မာနယ်စပ်နဲ့ ၁၀၀ မီတာခန့်အကွာမှာ ထိုင်းစစ်တပ်တာဝန်သူတွေက ကိုယ်ယောင်ထွက်ပြပြီး ရပ်တံ့ဖို့ အမိန့်ပေးလိုက်စဉ် တဘက်က ရပ်မပေးဘဲ သေနတ်နဲ့ ပစ်ခတ်လာလို့ နှစ်ဘက် ၁၀ မိနစ်ခန့်အကြာ အပြန်အလှန်ပစ်ခတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ပစ်ခတ်သံတွေ ငြိမ်သွားတော့ ထိုင်းစစ်တပ်က အဆိုပါနယ်မြေတ၀ိုက် ထိန်းချုပ်ထားပြီး မေလ ၁၂ ရက်နေ့ မနက် မိုးလင်းတော့ စစ်တပ်၊ ရဲနဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့တွေ၊ တာဝန်ရှိသူတွေပူးပေါင်းပြီး ပစ်ခတ်မှုဖြစ်တဲ့နေရာ သွားရောက်စစ်ဆေးရာမှာ သေဆုံးနေသူ အမျိုးသား ၄ ဦးတွေ့ရှိရကြောင်း၊ မြန်မာဘက်ခြမ်းကလူတွေ ဖြစ်ဟန်တူတယ်လို့  ထိုင်း ဘက်တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် အခင်းဖြစ်ပွားရာ နေရာတ၀ိုက်မှာ အစိမ်းရောင်အိတ်ပေါင်း ၁၇ လုံးကို တွေ့ရှိပြီး အတွင်းမှာ လက်ဖက်ခြောက်အိတ်ထဲ ထည့်ထားတဲ့ ကက်တမင်း အမျိုးအစား မူးယစ်ဆေး စုစုေ ပါင်း အလေးချိန် ၃၄၀ ကီလိုဂရမ်ကို ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။

အဆိုပါ မူးယစ်ဆေးဝါးတွေဟာ ဘယ်အဖွဲ့က ထုတ်လုပ်တယ်ဆိုတာသိရဖို့ ဆက်လက် စုံစမ်းနေသလို ထွက်ပြေးလွတ်မြောက်သွားသူတွေ ဖမ်းဆီးရမိဖို့ တာချီလိတ်ခရိုင်ဘက်က မြန်မာ ရဲတပ်ဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဗိုလ်မှူးကြီး  ၀ိချစ် ၀ုန်းဆိင်က သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013