DVB Logo
Home
သတင်းတို
၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို ရခိုင်ပြည်နယ်တွင် စတင်စစ်ဆေး
DVB
·
November 6, 2012
Donate to DVB

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို ရခိုင်ပြည်နယ်ထဲမှာ ဒီနေ့ စတင်အကောင်အထည်ဖော် စစ်ဆေးသွားမယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပြန်ကြားရေးကော်မတီဝင် လက်ထောက် ညွန်ကြားရေးမှူး ဦးဝင်းမြိုင်က နိုဝင်ဘာ ၅ ရက်နေ့ ညနေပိုင်းမှာ ဒီဗွီဘီကို ပြောပါတယ်။

မြန်မာနိုင်ငံသား ဥပဒေအရ ပေါက်တောမြို့နယ်အတွင်းမှာ ရှိတဲ့ ဆင်တက်မော်ကျေးရွာ၊ ကြယ်နီပြင်ကျေးရွာ၊ စက်ကဲပြင်ကျေးရွာ၊ ငှက်ချောင်းကျေးရွာနဲ့ င၀က်ချောင်းကျေးရွာတွေကို ကော်မတီဝင် ၁၈ ဦး ဦးဆောင်တဲ့အဖွဲ့က စတင်စစ်ဆေးမယ်လို့ ဆိုပါတယ်။

ရခိုင်မြို့မိမြို့ဖတွေအပါအ၀င် လ၀က အရာရှိ၊ ရဲ၊နစက၊ စစ်တပ်၊ ကျေးရွာနဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးတွေပါဝင်တဲ့ အဖွဲ့ဟာ အဲဒီကျေးရွာတွေကို သွားရောက်ပြီးတော့ အချိန်ကာလ သတ်မှတ်ထားမှု မရှိဘဲနဲ့ စစ်ဆေးသွားမယ်လို့ သိရပါတယ်။

ကျေးရွာ ၅ ရွာကို စစ်ဆေးပြီးရင် စစ်တွေနဲ့ အခြားမြို့နယ်တွေမှာလည်း အလားတူ စစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ ဦးဝင်းမြိုင်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013