DVB Logo
Home
မြန်မာသတင်း
ပြည်သူ့ အကယ်ဒမီဆုများ ပေးအပ်ချီးမြှင့်
DVB
·
May 13, 2019
ပြည်သူ့ အကယ်ဒမီဆုများ ပေးအပ်ချီးမြှင့်
1 / 5
Donate to DVB

ပြည်သူ့အကယ်ဒမီဆုပေးပွဲကို ရန်ကုန်မြို့ ကမ်းနားလမ်းရှိ ရန်ကုန်အင်နိုဗေးရှင်း စင်တာမှာ မနေ့ညကကျင်းပပြီး ပြည်သူချစ်တဲ့အနုပညာရှင် ၄ ဦးကို ဂုဏ်ပြုဆုတွေ ပေးအပ်ချီးမြှင့် လိုက်ပါတယ်။

အခုနှစ်မှာ အကယ်ဒမီဆုမရလိုက်တဲ့ “ဥပါယ်တံမျဉ်” မင်းသားဇဏ်ခီနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီတို့ ဇနီးမောင်နှံနဲ့ “မီ”ရုပ်ရှင်ဇာတ်ကားရဲ့ ဒါရိုက်တာ ဏကြီးနဲ့ မင်းသမီး ပိုင်ဖြိုးသုတို့ ဇနီးမောင်နှံကို မြန်မာရုပ်ရှင်ကြည့်ပရိတ်သတ်တွေက ဂုဏ်ပြုဆုပေးအပ်ခဲ့တာပါ။

ဆုငွေအဖြစ် ကျပ်သိန်း ၇၀ ကျော်နဲ့ မြန်မာပန်းပုလက်ရာ ဆုရုပ်တုတွေ ပေးအပ်ခဲ့ပါတယ်။  ရရှိလာတဲ့ ဆုငွေတွေကို ရုပ်ရှင်လောကသားတွေအတွက် အကျိုးပြုလုပ်ငန်းတွေမှာ ပြန်လည် သုံးစွဲသွားမယ်လို့ ဆုရသူတွေက ပြောပါတယ်။

ပြည်သူ့အကယ်ဒမီဆုဟာ မြန်မာနိုင်ငံမှာ ၁၉၆၀ ပြည့်နှစ် ၀န်းကျင်လောက်က ပေးအပ်ဖူးပြီး အခုနှစ်မှာ ပြည်သူတွေက ဒုတိယအကြိမ်ပြန်လည်ပေးအပ်တာလို့ စာရေးဆရာ ဦးဝင်းငြိမ်းက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013