DVB Logo
Home
မြန်မာသတင်း
ကလေးမြို့တွင် တရားမ၀င် ၀င်ရောက်သူ ၁၉ ဦးကို ဖမ်းဆီး
DVB
·
November 6, 2012
Donate to DVB

စစ်ကိုင်းတိုင်း ကလေးမြို့မှာ မနေ့က တရားမ၀င်ဝင်ရောက်သူ ၁၉ ဦးကို ဒေသခံပြည်သူတွေက ဖမ်းဆီးပြီး ရဲလက်ကို အပ်နှံလိုက်ပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့ကနေ ၁၀ မိုင်ခန့်အကွာမှာ တရားမ၀င် ၀င်ရောက်လာသူတွေကို အရပ်သားတွေက ၀ိုင်းဖမ်းပြီး ရဲလက်ကို အပ်နှံခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးရမိသူ ၁၉ ဦးလုံးဟာ မွတ်စလင်လူငယ်တွေဖြစ်ကြပြီး  ချင်းပြည်နယ်နယ်စပ်ကနေ ကလေးနယ်ထဲကို ဆင်းလာကြရင်း ဒေသခံတွေက စစ်ဆေးဖမ်းဆီးကြတာလို့ ဆိုပါတယ်။ သူတို့တတွေအပေါ် နယ်မြေခံတွေက ရိုဟင်ဂျာအဖြစ်ပဲ သဘောထား ရှုမြင်ပြောဆိုကြပါတယ်။

သူတို့ထဲက ၅ ဦးက မြန်မာစကား အနည်းအကျဉ်း ပြောတတ်ပြီး ကျန်သူများက မတတ်ကြဘူးလို့ ဆိုပါတယ်။ သူတို့တတွေဟာ မလေးရှားနိုင်ငံကို သွားဖို့ ရည်ရွယ်ချက်နဲ့ လက်ပံချောင်းလို ချင်းရွာတွေဘက်ကနေ တက်လာကြရင်းဖမ်းမိတာလို့ ဆိုပါတယ်။

ဖမ်းဆီးခံတွေမှာ တယောက်မှ မှတ်ပုံတင် အထောက်အထား မပါရှိသလို အ၀တ်အစားအနည်းငယ်နဲ့ တပိုင်တနိုင် ခရီးသွားကြတာလို့ ဆိုပါတယ်။

သူတို့အဖွဲ့ထဲက ၃ ဦး ထွက်ပြေးလွတ်မြောက်သွားတဲ့အတွက် ကလေးမြို့နယ်အတွင်း သတင်းဖြန့်ပြီး လိုက်လံဖမ်းဆီးနေတုန်းပဲလို့ ဆိုပါတယ်။

ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ သမ္မတပြောကြားချက်ကို ထောက်ခံတဲ့ ဆန္ဒဖော်ထုတ်ပွဲတွေအပြီးမှာ အခုလို လူထုက တရားမ၀င်ဝင်ရောက်သူတွေကို စစ်ဆေးဖမ်းဆီး ရဲလက်အပ်မှု ဖြစ်ပါတယ်။

ကလေးမြို့နယ်ရဲစခန်းကို မေးမြန်းရာမှာ ၁၉ ဦး ဖမ်းဆီးထားတယ်ဆိုတာ မှန်ကန်ပြီး လူဝင်မှုကြီးကြပ်ရေးက စစ်ဆေးနေတယ်လို့ ဖြေဆိုပြီး အသေးစိတ်ဖြေဆိုခြင်းမရှိပါဘူး။

အရင်ကတည်းက ဒီလိုအလားတူ ကလေးနယ်ကို ဖြတ်သန်းသွားလာကြဖူးပြီး ရွှေဘို၊ ကန့်ဘလူနယ်ဘက်ကို သွားရောက်ကြတာတွေ ရှိတယ်လို့ နယ်မြေခံတွေက ပြောပါတယ်။
လွန်ခဲ့တဲ့ လပိုင်းတွေတုန်းကလည်း   အလားတူ ၁၀ ယောက် ၁ ခါ၊ ၁၇ ယောက် ၁ ခါ ဖမ်းဆီးရမိပြီး တရားရုံးတင်ခဲ့ပါတယ်။ သူတို့တတွေကို တရားမ၀င်ဝင်ရောက်မှုအပါအ၀င် အမှု ၂ ခုနဲ့ ထောင်ဒဏ် ၇ နှစ်၊ လမ်းပြတဲ့ နိုင်ငံသားတွေကို ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013