DVB Logo
Home
သတင်းတို
သတင်းစာထုတ်ခွင့် ကာလ အတိအကျ မပြောနိုင်
DVB
·
November 6, 2012
Donate to DVB

လွတ်လပ်တဲ့ ပုဂ္ဂလိက သတင်းစာ ထုတ်ဝေခွင့်ပေးဖို့ ကိစ္စ ဘယ်အချိန်လောက်မှာ ခွင့်ပြုနိုင်မလဲဆိုတာ ကာလ အတိအကျ မပြောနိုင်သေးကြောင်း ပြန်ကြားရေးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ပြောပါတယ်။

ဒီနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ သင်္ဃန်းကျွန်းမြို့နယ် အမတ် ဦးသိန်းညွန့်က မေးတာကို သူက ခုလို ဖြေလိုက်တာ ဖြစ်ပါတယ်။

လောလောဆယ် မီဒီယာအဖွဲ့တွေနဲ့ ပြန်ကြားရေးဝန်ကြီးဌာန ပူးပေါင်းပြီး သတင်းစာထုတ်ဝေခွင့်ပေးနိုင်တဲ့ မီဒီယာ ပတ်ဝန်းကျင်တခု ပေါ်ပေါက်အောင် ကျင့်ဝတ်ဆိုင်ရာ စည်းကမ်း ချမှတ်တာတွေ၊ စည်းမျဉ်းရေးဆွဲတာတွေ၊ စာနယ်ဇင်းအဖွဲ့အစည်း စံနှုန်းရေးဆွဲတာတွေ၊ ဥပဒေပိုင်းဆိုင်ရာတွေ လုပ်ကိုင်နေကြောင်း၊ ဒါတွေ ပြီးပြည့်စုံအောင် ဆောင်ရွက်နိုင်ခြင်း မရှိသေးရင်တောင် ထိုက်သင့်တဲ့ အခြေအနေရောက်ရင် သတင်းစာထုတ်ခွင့်ပေးဖို့ အစိုးရက စဉ်းစားမယ့်အကြောင်း ပြောပါတယ်။

ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွန့်က ဘယ်ကာလ ဖြစ်နိုင်မလဲ အတိအကျ ပြောပါလို့ ထပ်မေးတဲ့အခါ မီဒီယာ ပတ်ဝန်းကျင် ပြောင်းလဲဖို့ press council အပါအ၀င် အဖွဲ့အစည်းတွေက ဘယ်လောက် စောစော ဆောင်ရွက်နိုင်မလဲ ဆိုတဲ့ အချက်အပေါ် မူတည်ပြီး အစိုးရက ဘယ်နေ့ ဘယ်ရက် ဆိုတာ အဆုံးအဖြတ်ပေးနိုင်တဲ့ အခြေအနေ မရှိကြောင်း ဖြေကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013