DVB Logo
Home
မြန်မာသတင်း
ဘဝမှာတခါမှမကြုံဖူးခဲ့တဲ့ အတွေ့အကြုံပါပဲ၊ ကံသီပေလို့ - လေယာဉ်ပေါ်ပါ သရုပ်ဆောင်နေမင်း
DVB
·
May 12, 2019
ဘဝမှာတခါမှမကြုံဖူးခဲ့တဲ့ အတွေ့အကြုံပါပဲ၊ ကံသီပေလို့ - လေယာဉ်ပေါ်ပါ သရုပ်ဆောင်နေမင်း
Donate to DVB

မန္တလေး တံတားဦးလေဆိပ်မှာ ဒီနေ့မနက်ပိုင်းက မြန်မာအမျိုးသားလေကြောင်းလိုင်းပိုင် လေယာဉ်တစင်း ဆင်းသက်ရာမှာ ရှေ့ဘီးချမရလို့ ရှပ်တိုက်ဆင်းခဲ့ရတယ်လို့ သိရပါတယ်။

မြန်မာအမျိုးသား လေကြောင်းလိုင်းက Embraer ​လေယာဉ်ဟာ ​မန္တလေး တံတားဦး​လေဆိပ်ကို ဆင်းသက်စဉ် အခုလို ဖြစ်ခဲ့တာဖြစ်ပြီး လေယာဉ်ပေါ်မှာ လူ ၈၂ ဦး လိုက်ပါသွားပြီး ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ သိရပါတယ်။

အဲဒီလေယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ ရုပ်ရှင်သရုပ်ဆောင် နေမင်းကလည်း ကြုံတွေ့ခဲ့ရတဲ့ဖြစ်စဉ်ကို သူ့ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ အခုလို ရေးသားထားပါတယ်။

“ဘဝမှာ တစ်ခါမှမကြုံဖူးခဲ့တဲ့အတွေ့အကြုံပါပဲ၊ ကံသီပေလို့ပေါ့။ အရေးပေါ်ချွတ်ယွင်းပြီး ရှေ့ဘီးချမရလို့ အမျိုးမျိုးကြိုးစားမောင်းနှင်ပြီးမှ မရတော့တဲ့အဆုံး လေယဉ်ဆီကုန်ခါနီးမှာ နောက်ဘီးတွေမှေးချပြီး အရှိန်နဲ့ ရှေ့ဝမ်းဗိုက်နဲ့ေ လျှာဆင်းခဲ့တာ မီးခိုးလေးတွေနည်းနည်း ထွက်ခဲ့ပေမယ့် အရေးပေါ်အမြန်ဆင်းပြေးခဲ့ရတာ အားလုံးကံကောင်းခဲ့ကြပါတယ်။ MNA လေယဉ်မှူးကြီး ဦးမြတ်မိုးအောင် အဖွဲ့သားအားလုံးလည်း တကယ်တော်ကြပါတယ်။ ဘာပဲဖြစ်ဖြစ်ချီးကျူးပါတယ်ခင်ဗျား။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013