DVB Logo
Home
မြန်မာသတင်း
အိုးရှင်းဝေ့ကုမ္ပဏီ၏ ဖိုက်ဘာဆက်သွယ်ရေးပုံးများ ဖျက်ဆီးခံရ
DVB
·
May 12, 2019
အိုးရှင်းဝေ့ကုမ္ပဏီ၏ ဖိုက်ဘာဆက်သွယ်ရေးပုံးများ ဖျက်ဆီးခံရ
1 / 7
Donate to DVB

မန္တလေးမြို့တွင်း မြို့နယ်သုံးခုမှာ နိုင်​ငံခြားရင်းနှီးမြှုပ်​နှံမှုကုမ္ပဏီတခုဖြစ်​တဲ့ အိုးရှင်းဝေ့ကုမ္ပဏီရဲ့ အင်​တာနက်​ဝန်​​ဆောင်​မှုပေးနေတဲ့ ဖိုင်ဘာဆက်သွယ်ရေးပုံးတွေ ဖျက်ဆီးခံခဲ့ရတယ်လို့ ကုမ္ပဏီ တာဝန်ခံက ပြောပါတယ်။

အိုးရှင်းဝေ့ကုမ္ပဏီရဲ့တာဝန်ခံ ကိုအာကာဇွဲက “ကျနော်တို့ ၅ လပိုင်း၊ ၉ ရက်နေ့မှာ အင်တာနက်တပ်ဆင်ထားတဲ့ ဖိုက်ဘာပုံးတွေ ဖျက်ဆီးခံခဲ့ရတယ်။ မန္တလေးမြို့တွင်း သုံးမြို့နယ်မှာ ၆ နေရာက ဆက်သွယ်ရေး ဖိုက်ဘာပုံးတွေ ဖျက်ဆီးခံခဲ့ရပြီး လူဦးရေ ၇၀၀ ကျော် လိုင်းပြတ်တောက်ခဲကြရလို့ ဖျက်ဆီးခဲ့တဲ့သူတွေကို အရေးယူပေးဖို့ အမှတ် ၁ နယ်မြေရဲစခန်းမှာ တိုင်ကြားခဲ့တယ်” လို့ ပြောပါတယ်။

အောင်​​မြေသာစံမြို့နယ်၊​ ချမ်း​အေးသာစံမြို့နယ်​နဲ့ မဟာ​အောင်​​မြေမြို့နယ်​တွေမှာ ဖိုင်ဘာဆက်သွယ်ရေးပုံးတွေ ဖျက်စည်းခံခဲ့ရတာပါ။

“အခုလိုအင်တာနက်လိုင်း ဝိုင်ဖိုင်ပျက်သွားခဲ့တဲ့အတွက် အရမ်းဒုက္ခရောက်ခဲ့ကြရတယ်။ ဟိုတယ်လုပ်ငန်းရှင်တွေအနေနဲ့ အခက်အခဲတွေဖြစ်တယ်။ အင်တာနက် အီးမေးလ်တွေကနေ ဘိုကင်တွေ ကြိုပြီး လက်ခံရတာရှိတယ်။ အခုလို အင်တာနက်က မရတော့ ကျနော်တို့အဆင်မပြေဘူး” လို့ ဟိုတယ်တခုရဲ့ မန်နေဂျာ ကိုခိုင်မင်းဦးက ပြောပါတယ်။

အိုရှင်းဝေ့ကုမ္ပဏီက ISP အင်​တာနက်​ဝန်​​ဆောင်​မှုကို မြန်​မာ​တပြည်​လုံး ​ပေး​နေ​တဲ့ ကုမ္ပဏီဖြစ်​ပြီး ဆက်​သွယ်​​ရေးဝန်​​ဆောင်​မှုလိုင်​စင်​ကို ၂၀၁၈ ခုနှစ်​ ​ဖေ​ဖော်​ဝါရီက ရရှိခဲ့တဲ့ ​ကုမ္ပဏီတခုလည်းဖြစ်ပါတယ်။

မန္တ​လေး၊ ပြင်​ဦးလွင်၊​ မိတ္ထီလာ ပုဂံ​ညောင်​ဦးမြို့အပါအဝင်​ မြို့ကြီး ၁၅ မြို့ကို lSP အင်​တာနက်​ဝန်​​ဆောင်​မှုပေးနေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013