DVB Logo
Home
မြန်မာသတင်း
ကျောက်တော်တွင် ဗုံးသီးဆော့ကစားရာမှ ပေါက်ကွဲ၊ ကျောင်းသားငယ်တဦး သေဆုံး
DVB
·
May 12, 2019
ကျောက်တော်တွင် ဗုံးသီးဆော့ကစားရာမှ ပေါက်ကွဲ၊ ကျောင်းသားငယ်တဦး သေဆုံး
Donate to DVB

ရခိုင်​ပြည်​နယ်​ ကျောက်တော်မြို့နယ်၊ ယိုးချောင်းအတွင်းရှိ မီးယပ်ပြင်ကျေးရွာမှာ ​မေလ ၁၁ ရက်​​နေ့ ညနေ ၃ နာရီ​ကျော်​လောက်က ၇ တန်း ကျောင်းသားတဦး မပေါက်ကွဲဘဲ ကျန်နေတဲ့ ဗုံးသီးတလုံးအား နေအိမ်ယူ​ဆောင်ပြီး ကစားရာကနေ ပေါက်ကွဲမှုဖြစ်ပွားလို့ သေဆုံးသွားပါတယ်။

ပေါက်ကွဲမှုကြောင့် အဆိုပါကျောင်းသားဟာ ဒဏ်​ရာပြင်​ထန်​စွာရှိပြီး ​ဆေးရုံကို ပို့ဆောင်​စဉ် ​လမ်းမှာ ​​သေဆုံးသွားခဲ့​တယ်လို့ ​​​Rakhine Ethnics Congress အဖွဲ့မှ တာဝန်​ရှိသူတ​ဦးက ​ပြောပါတယ်​။

"ယခင်​တိုက်ပွဲဖြစ်ပြီး ကျန်နေခဲ့တဲ့ လက်နက်ကြီးကျည်ဗုံးသီးကို အိမ်သို့ ယူဆောင်လာပြီး ကစားရာကနေ ပေါက်ကွဲတာလို့ သိရပါတယ်။ ဒဏ်ရာပြင်းထန်စွာရရှိပြီး ဆေးရုံပို့ဆောင်ဖို့ လှေနဲ့ ယူဆောင်စဉ်မှာ သေဆုံးသွားတာပါ။ အခုတော့ ကန်စောက်ရဲစခန်းမှာ စစ်ချက်ယူပြီး အလောင်းကို ကျောက်တော်ဆေးရုံ ယူဆောင်သွားတယ်လို့ သိရပါတယ်။"

သေဆုံးသူမှာ ၇ တန်းဖြေဆိုထားတဲ့ အသက် ၁၂ နှစ်အရွယ် မောင်မျိုးမိုင်း ဖြစ်တယ်လို့ သိရပါတယ်​။

အခင်းဖြစ်ပွားတဲ့ ကျေးရွာအနီးမှာ ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး မပေါက်ကွဲသေးတဲ့ လက်နက်တွေ ကျန်နေခဲ့တာလို့ ဒေသခံကျေးရွာသားတွေက ​ပြောပါတယ်​။

Rakhine Ethnics Congress ရဲ့ စစ်​တမ်းတွေအရ တပ်​မ​တော်​နဲ့ ​အေ​အေတိုက်​ပွဲတွေအတွင်း မ​ပေါက်​ကွဲသေးတဲ့ ဗုံးသီးတွေ ကျန်နေပြီး ​ပေါက်​ကွဲမှုတွေဖြစ်တာကြာင့် သေဆုံးခဲ့ရတဲ့ ကလေးငယ် ၈ ဦးအထိ ရှိပြီလို့ သိရပါတယ်။

"မိုင်းအန္တရာယ်ဆိုင်ရာ ပညာပေးအစီအစဉ်တွေကို လုပ်ဆောင်ဖို့ လိုအပ်နေပါ​သေးယ်။ ကျနော်​တို့ REC (Rakhine Ethnics Congress) ကလည်း အရင်းအမြစ်ရှာဖွေစုဆောင်းမှုတွေကို လုပ်ဆောင်နေပါတယ်​။ ရခိုင်မှာ မိုင်းအန္တရာယ်ဆိုင်ရာ ပညာပေးဆွေးနွေးပွဲတွေကို ကျယ်​ပြန့်​စွာပြုလုပ်​ဖို့ ​လိုပါ​သေးတယ်​။ Unicef နဲ့ အစိုးရ လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းပြီး ပညာ​ရေး ၀န်​ထမ်း​တွေနဲ့ ရပ်​​ကျေတချို့ကို ပညာ​ပေးတာ​လောက်​သာ ရှိပါ​သေးတယ်​။ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားရာနယ်မြေတွေက ဒေသခံတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ဖို့ လိုအပ်နေပါ​သေးတယ်​" REC  တာဝန်​ရှိသူက ပြောပါတယ်​။

မိုင်းအန္တရာယ်ဆိုင်ရာ ပညာပေးဆွေးနွေးပွဲကို ဧပြီ ၂၉ ရက်နေ့က ဘူးသီးတောင်မြို့နယ်၊ ဧပြီ ၃၀ ​နေ့နဲ့ မေ ၁ ရက်နေ့တွေက ​မောင်​​တောမြို့တို့မှာ UNICEF က ပြုလုပ်ခဲ့ပြီး အုပ်ချုပ်ရေးမှူးတွေ၊ ရပ်ကျေးတာဝန်ရှိသူတွေနဲ့ ဆရာ/ဆရာမတွေသာ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဗညား

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013