DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
May 11, 2019
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

ရတနာတိုး(စပါး)

ပေါင်းတည်ကုန်စည်ဒိုင်မှာ ရတနာတိုး(စပါး)တင်း ၁၀၀ကို ၄၃၀၀၀၀ ကနေ ၄၅၀၀၀၀ ပေါက်ဈေး ရှိပါတယ်။

 

တောင်ပြန်(စပါး)

နတ်တလင်းကုန်စည်ဒိုင်မှာတောင်ပြန်(စပါး)တင်း၁၀၀ကို ၉၈၀၀၀၀ ပေါက်ဈေး ရှိပါတယ်။

 

မတ်ပဲ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာမတ်ပဲကတစ်တန်ကို ၈၂၆၀၀၀ ပေါက်ဈေး ရှိပါတယ်။

 

ပဲစင်းငုံနီ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီကတစ်တန်ကို ၉၃၈၀၀၀ ပေါက်ဈေး ရှိပါတယ်။

 

ဘိုကိတ်ပဲ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ဘိုကိတ်ပဲကတစ်ပိဿာကို ၉၁၅ ကနေ ၁၀၀၀ ပေါက်ဈေးရှိပြီး ၈၀ကျပ်ဈေး တက်လာပါတယ်။

 

ပဲထောပတ်

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲထောပတ်က တစ်ပိဿာကို ၁၇၃၅ ကနေ ၂၀၀၀ ပေါက်ဈေးရှိပြီး ၈၅ကျပ် ဈေးတက်လာပါတယ်။

 

ဂေါ်ဖီထုပ်

အောင်ပန်းကုန်စည်ဒိုင်မှာ ဂေါ်ဖီတစ်ထုပ်ကို ၆၅၀ ပေါက်ဈေးရှိပါတယ်။

 

ခရမ်းချဉ်သီး

အောင်ပန်းကုန်စည်ဒိုင်မှာခရမ်းချဉ်သီးတစ်ပိဿာကို ၉၅၀ ပေါက်ဈေးရှိပါတယ်။

ဖော်ပြထားတဲ့သီးနှံတွေထဲက ဂေါ်ဖီထုပ်ကတော့ ဒီတစ်ပတ်မှာ ဈေးကျဆင်းနေပါတယ်။ မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးသီးတွေကြွေကျမှုကြောင့် ဂေါ်ဖီခင်းတွေပျက်စီးခဲ့ရပါတယ်။ ဂေါ်ဖီထုပ်ကတော့ အရင်အပတ်ထက်စာရင် ဒီတစ်ပတ်မှာ ၅၀ ကျပ် ဈေးကျဆင်းသွားခဲ့ပါတယ်။

ဆန်ဈေးကတော့ ဒီတစ်ပတ်မှာ အတတ်အကျအပြောင်းအလဲတွေ ရှိနေပါတယ်။ တောင်သူတွေလက်ထဲမှာ စပါးလက်ကျန်နည်းခြင်းကြောင့်လည်းကောင်း၊ ဆန်ဈေးကွက် အေးပြီးဝယ်လိုအားနည်းခြင့်ကြောင့် အတက်အကျရှိနေပါတယ်။

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013