DVB Logo
Home
မြန်မာသတင်း
ရင်းနှီးမြှုပ်နှံသူများအတွက် ပွင့်လင်းမြင်သာသည့် စီးပွားရေးဝန်းကျင် ဖန်တီးပေးမည်ဟု အတိုင်ပင်ခံပြော
DVB
·
May 11, 2019
ရင်းနှီးမြှုပ်နှံသူများအတွက် ပွင့်လင်းမြင်သာသည့် စီးပွားရေးဝန်းကျင် ဖန်တီးပေးမည်ဟု အတိုင်ပင်ခံပြော
Donate to DVB

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံနေသူတွေအတွက် လုပ်သာကိုင်သာရှိတဲ့၊ ပွင့်လင်းမြင်သာတဲ့ စီးပွားရေး ဝန်းကျင်တခုကို ဖန်တီးပေးမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မနေ့က ပြုလုပ်တဲ့ ရန်ကုန်တိုင်းရင်းနှီးမြှုပ်နှံမှုဖိုရမ်မှာ ပြောဆိုခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ စဉ်းစားနေသူ အားလုံးကိုလည်း အာရှရဲ့ နောက်ဆုံးစီးပွားရေးဥပစာဖြစ်တဲ့ မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံကြဖို့လည်း ဖိတ်ခေါ်လိုက်ပါတယ်။

ဗွီဒီယိုကတဆင့် ပြောတဲ့ အဖွင့်စကားမှာ သူက “လက်ရှိ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နေသူများကိုလည်း လူကြီးမင်းတို့ စီးပွားရေးလုပ်ငန်းတွေ တိုးတက်ရုံသာမက ကြွယ်ဝစေမယ့် လုပ်သာကိုင်သာရှိတဲ့၊ လွယ်ကူချောမွေ့တဲ့၊ ကြိုတင်ခန့်မှန်းနိုင်တဲ့၊ ရင်းနှီးမြှပ်နှံသူတွေအတွက် မိတ်ဖက်ဖြစ်တဲ့ စီးပွားရေး ဝန်းကျင်တခု၊ ပွင့်လင်းမြင်သာမှုရှိတဲ့ စီးပွားရေးဝန်းကျင်တခုကို ကျမတို့က ဖန်တီးပေးမှာဖြစ်ကြောင်း အခိုင်အမာပြောကြားလိုပါတယ်” လို့ ပြောပါတယ်။

အာရှဖွံ့ဖြိုးရေးဘဏ်က ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံဟာ ဒေသတွင်းမှာ ဖွံ့ဖြိုး တိုးတက်မှုနှုန်း အမြင့်ဆုံးနိုင်ငံအနေနဲ့ ဆက်လက်ရပ်တည်နေတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒါ့အပြင် နိုင်ငံထဲမှာ ရှိတဲ့ စီမံကိန်းဆိုင်ရာ အချက်အလက်တွေကို တနေရာတည်းမှာ စုစည်းရရှိနိုင်မယ့် စီမံကိန်းဘဏ်ကို အကောင်အထည်ဖော်နေသလို မြေယာဆိုင်ရာ သတင်း အချက်အလက်တွေ ရနိုင်မယ့် မြေယာဘဏ်ဆိုင်ရာ အမိန့်ကြေညာစာတစောင်ကိုလည်း မကြာမီ ကာလမှာ ထုတ်ပြန်ပေးမယ်လို့ ဆိုပါတယ်။

ပြီးတော့ ရန်ကုန်တိုင်းမှာ စက်မှုဇုန် ၂၉ ဇုန်နဲ့ အောင်မြင်နေတဲ့ သီလဝါအထူးစီးပွားရေးဇုန်တို့ ရှိနေပြီး နယ်ပယ်စုံကျယ်ပြန့်တဲ့ ရင်းနှီးမြှပ်နှံမှု စီမံကိန်းအသစ်တွေ အကောင်အထည်ဖော်ဖို့ ရှိနေတယ်လို့ ပြောပါတယ်။

ဓာတ်ပုံ-အတိုင်ပင်ခံရုံး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013