DVB Logo
Home
မြန်မာသတင်း
အိုးဘိုအကျဉ်းထောင်တွင် သတ်မှတ် အကျဉ်းသားဦးရေထက် ပိုများနေ
DVB
·
May 11, 2019
အိုးဘိုအကျဉ်းထောင်တွင် သတ်မှတ် အကျဉ်းသားဦးရေထက် ပိုများနေ
Donate to DVB

မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်ထဲမှာ အကျဉ်းကျနေသူဦးရေဟာ သတ်မှတ်လူဦးရေထက် ပိုမိုများပြားနေတယ်လို့ အကျဉ်းဦးစီးဌာနက ပြောပါတယ်။

အိုးဘိုအကျဉ်းထောင်ဟာ အကျဉ်းကျသူ ဦးရေ ၃၅၀၀ လောက်သာ ဆန့်တာဖြစ်ပေမယ့် အမှန်တကယ် အကျဉ်းထောင်အတွင်း ရှိနေတဲ့ လူဦးရေကတော့ ၇၀၀၀ လောက် ရှိနေတယ်လို့ သိရပါတယ်။

“သတ်မှတ်ထားတဲ့ အကျဉ်းကျနေသူ ဦးရေထက်များနေတယ်။ များနေတဲ့အပေါ်မှာ နည်းလမ်းပေါင်းစုံနဲ့ စီမံပေးရတာပေါ့” လို့ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက ပြောပါတယ်။

အကျဉ်းထောင်အတွင်း လူဦးရေ အဆမတန်များလာတာတွေနဲ့ လွတ်ငြိမ်းသက်သာခွင့်မှာ မပါတဲ့အတွက် မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ထောင်အချို့ ထောင်ဆူမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

“ထောင်ဆူပူမှုဟာ နိုင်ငံရေးအရ ရည်ရွယ်ချက်တွေရှိနေတယ်။ ထောင်ထဲမှာ ကျနေတဲ့ ပြစ်မှုပြစ်ဒဏ်မမျှတဲ့သူတွေရှိတယ်။ အကျဉ်းထောင်မှာ ထားနိုင်တဲ့ ဦးရေထက်ပိုများပြားနေတာတွေကို အစိုးရက စိစစ်ဆောင်ရွက်သင့်တယ်လို့ နိုင်ငံရေးတက်ကြွလှူပ်ရှားသူ ဦးသိန်းအောင်မြင့်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013