DVB Logo
Home
မြန်မာသတင်း
လှိုင်းဘွဲ့တွင် ယာဉ်တစီး ပေ ၃၀ အနက် ချောက်ထဲထိုးကျ၊ ၄ ဦးသေဆုံး
DVB
·
May 11, 2019
လှိုင်းဘွဲ့တွင် ယာဉ်တစီး ပေ ၃၀ အနက် ချောက်ထဲထိုးကျ၊ ၄ ဦးသေဆုံး
Donate to DVB

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်မှာ ယာဉ်တစီး ပေ ၃၀ အနက် ချောက်အတွင်း ထိုးကျ တိမ်းမှောက်ခဲ့လို့ ၄ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။

လှိုင်းဘွဲမြို့နယ်၊ ထီလုံကျေးရွာ ငှက်ပျောတောင်ဘုန်းကြီးကျောင်းအနီး ကမော့ပေါတောင်တက်လမ်းမှာ စိုးမိုးကျော် မောင်းနှင်လာတဲ့ ကန်တာယာဉ်ဟာ စက်ရပ်သွားပြီး တောင်ပေါ်ကနေ နောက်ပြန်လိမ့်ကျကာ ပေ ၃၀ အနက် ချောက်အတွင်း ထိုးကျတိမ်းမှောက်ခဲ့တာပါ။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါလာတဲ့ လူ ၄ ဦး (ကျား ၁၊ မ ၃) တို့မှာ ဦးခေါင်းကြေမွ၊ ရင်ဘတ်ပေါက်ပြဲ သွေးထွက်ဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာ သေဆုံးသွားခဲ့ပြီး ဒဏ်ရာရသူ ၁၅ ဦး (ကျား ၂၊ မ ၁၃) ဦးကိုတော့ ဘားအံမြို့ ပြည်သူ့ဆေးရုံး ပို့ဆောင်ကုသထားပါတယ်။ ဒဏ်ရာရသူတွေတွေထဲက အမျိုးသမီး ၂ ဦး အခြေအနေ စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

စိုးမိုးကျော်အား ထီလုံနယ်မြေရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ (ပေါ့လျော့မှုကြောင့် လူသေမှု၊ ပြင်းထန်/ သာမန်နာကျင်စေမှု) နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013