DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်တည်ငြိမ်ရေး နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်နေဟု ၀န်ကြီးချုပ်ပြော
DVB
·
May 11, 2019
ရခိုင်ပြည်နယ်တည်ငြိမ်ရေး နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်နေဟု ၀န်ကြီးချုပ်ပြော
Donate to DVB

ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးအတွက် နည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်နေတယ်လို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက ပြောဆို လိုက်ပါတယ်။

မေ ၁၀ ရက်နေ့ ညနေပိုင်းက အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်ဦးဆောင်တဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေး ချမ်းရေး အထောက်အကူပြုကော်မတီအဖွဲ့ဝင်တို့ ရခိုင်ပြည်နယ် စစ်တွေမြို့ အစိုးရဧည့်ဂေဟာမှာ တွေ့ဆုံဆွေးနွေးလို့အပြီး မီဒီယာတွေနဲ့ အခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

“ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနဲ့ ပတ်သတ်လို့ နည်းလမ်းပေါင်းစုံနဲ့ လုပ်ပါမယ်။ တွေ့ဆုံဆွေးနွေးနည်းလမ်းနဲ့ရရင် တွေ့ဆုံဆွေး နွေးရေးနဲ့လုပ်မယ်။ ညှိနှိုင်းတဲ့ ကိစ္စနဲ့ရရင် ညှိနှိုင်းတဲ့ ကိစ္စနဲ့လုပ်မယ်။ နည်းလမ်းပေါင်းစုံနဲ့ လုပ်မှာပါ” လို့ ရခိုင်ပြည်နယ် တည်ငြိမ်အေး ချမ်းရေး အထောက်အကူပြုကော်မတီအဖွဲ့မှာ ဒုတိယဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ဦးညီပုက ပြောပါတယ်။

တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ တိုက်ပွဲတွေ ပြင်းထန်ပြီးနောက်ပိုင်း ဦးညီပုအနေနဲ့ ရခိုင်ပြည်နယ်ကို ပိုမိုပြီးလုံခြုံမှုရှိအောင် ဆောင်ရွက်ခြင်းဖြစ်ပြီး အဲဒီကြားထဲမှာပဲ အခုလို ဖြစ်ပွားသွားတာလို့လည်း ဆိုပါတယ်။

ဦးညီပုက “လုံခြုံရေးအနေနဲ့ကတော့ ပိုပြီးတော့ လုံခြုံမှုရှိအောင် ဆောင်ရွက်နေတဲ့ အနေအထားရှိပါတယ်။ ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်လို့လည်း တတ်နိုင်သမျှတော့ ကျနော်တို့ဘက်က လုံခြုံမှုကို ဆောင်ရွက်နေတဲ့ ကြားထဲကပဲ ဖြစ်နေတဲ့အနေအထားပေါ့” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းက တပ်မတော်နဲ့ ရက္ခိုင်တပ်တော်အေအေတို့ နှစ်ဖက်တိုက်ပွဲတွေဟာ ၅ လကျော်ကြာမြင့်လာပြီဖြစ်ပြီး လက်ရှိအချိန် ငြိမ်းချမ်းရေးကိစ္စရပ်တွေ ဆွေနွေးနိုင်ခြင်း မရှိသေးပါဘူး။ ဒီကိစ္စကိုလည်း နိုင်ငံတော်အဆင့်ကနေ ကော်မတီတွေဖွဲ့စည်းပြီး ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီဝင်တွေဟာ မေ ၁၀ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့ကို ဒုတိယအကြိမ်ကွင်းဆင်းလာရောက်ခြင်းဖြစ်ပြီး ပြည်နယ်အတွင်းက လွှတ်တော်တာဝန်ရှိသူတွေ၊ အရပ်အဖွဲ့တွေ၊ ပါတီတွေနဲ့ တွေ့ဆုံမှုတွေ၊ စစ်ဘေးရှောင်စခန်းတွေ သွားရောက်မှုတွေ လုပ်နေတာလို့ ကော်မတီဝင်တွေက ပြောပါတယ်။

အဲဒီလို ကွင်းဆင်းဆောင်ရွက်လို့အပြီးမှာတော့ နိုင်ငံတော်သမ္မဦးဝင်းမြင့်ထံကို အစီရင်ခံစာပြင်သွားရမှာ ဖြစ်ပါတယ်။

သတင်း--ဓာတ်ပုံ-ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013