DVB Logo
Home
မြန်မာသတင်း
အင်္ဂပူတွင် ရေပူစမ်းရိုးမြောင်းပိတ်ဆို့မှုကြောင့် နှစ်စဉ် စပါးစိုက်ဧက ရာချီ ပျက်စီး
DVB
·
May 11, 2019
အင်္ဂပူတွင် ရေပူစမ်းရိုးမြောင်းပိတ်ဆို့မှုကြောင့် နှစ်စဉ် စပါးစိုက်ဧက ရာချီ ပျက်စီး
Donate to DVB

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်တွင်းက ကျေးရွာသုံးခုကို ဖြတ်သန်းစီးဆင်းနေတဲ့ ရေပူစမ်းရိုးမြောင်းဟာ ပိတ်ဆို့မှုတွေဖြစ်ပေါ်နေလို့ နှစ်စဉ်လယ်မြေဧက ၁၀၀ ကျော်ပျက်စီးမှု ကြုံတွေ့နေရပါတယ်။

အင်္ဂပူမြို့နယ်တွင်းက ရခိုင်ကုန်း၊ ဘွတ်၊ နင်းကြမ်းကုန်း ကျေးရွာတွေ ဖြတ်သန်းစီးဆင်းနေတဲ့ ရေပူစမ်းရိုးမြောင်းဟာ ပိတ်ဆို့နေတာကြောင့် နှစ်စဉ် လယ်မြေဧက ၁၀၀ ကျော်ရှိ စပါးတွေ ပျက်စီးမှုတွေနဲ့ လယ်သမားတွေ တွေ့ကြုံနေကြရပါတယ်။

အခုလို ပိတ်ဆို့နေရတာကတော့ ဧရာပဒေသာ ဆန်စက်က ရိုးဘေးမှာ စပါးခွံတွေနဲ့ ပိတ်ဆို့ထားတာရယ်၊ ရိုးကောလာလို မြက်ပင်တွေနဲ့ ပိတ်ဆို့ပြီးရေစီးနည်းကာ မိုးစပါး၊ နွေးစပါးစိုက်ပျိုးချိန်တွေမှာ နှစ်စဉ်နစ်မြုပ်နေရတာပါ။

အဲဒီလိုတွေ ရေမြုပ်လို့ လယ်သမားတွေ စပါးအထွက်နည်းတာ၊ စိုက်ဧကအားလုံး စိုက်ပျိုးလို့ မရတာတွေ့ကြောင့် လယ်သမားတွေ အခက်အခဲတွေနဲ့ ကြုံတွေနေကြရပြီး စိုက်ပျိုးရေးဘဏ်က ချေးငွေတွေကို မဆပ်နိုင်ကြသေးပါဘူးလို့ ဒေသခံတွေက ပြောပါတယ်။

အင်္ဂပူမြို့နယ် ရခိုင်ကုန်းကျေးရွာနေ ကိုဝင်းကို က “ကျနော်တို့ကတော့ ရေပူစမ်းရိုးကို ပြန်တူးဖော်ပေးစေချင်တယ်။ ခုရိုးက ပိတ်ဆို့နေတော့လယ်တွေလည်း ပျက်စီးဆုံးရှုံးရတယ်။ အဓိက ပိတ်နေတာကတော့ ဧရာပဒေသာဆန်စက်ကြောင့်ဖြစ်တယ်။ ဆန်စက်က ပိတ်နေတော့ လယ်တွေရေမြုပ်တယ်။ အလုပ်သမားခထက် ပိုပေးရတယ်။ အချို့ဆို လယ်မလုပ်တော့ဘူး။ သူများနိုင်ငံသွားပြီး ကျွန်ခံနေကြရတယ်။”

၂၀၁၂ ခုနှစ်က လယ်သမားတွေတင်ပြတာတွေကြောင့် တူးဖော်ပေးတာ လုပ်ဆောင်ခဲ့ဖူး ပါတယ်။ ခုအခါမှာတော့ ရိုးဘေးမှာ ဆန်စက်တည်ဆောက်ထားတာရယ် ရိုးမြောင်းကျဉ်းမြောင်းလာတွေကြောင့် ပိတ်ဆို့ပြီး ရေစီးနည်းသွားသဖြင့် နွေးမိုးစပါးစိုက်တွေ  ပျက်စီးနေတာပါ။

အင်္ဂပူမြို့နယ် ဘွတ်ကျေးရွာနေ ဦးခင်မောင်လွင် က “ရေပူစမ်းရိုးကို မူလအတိုင်း ပြန်တူးဖော်ပေးရင်တော့ လယ်သမားစီးပွားရေးအဆင်ပြေတာပေါ့။ ခုတော့ ဓာတ်ပုံထဲမြင်တဲ့ အတိုင်း ပိတ်ဆို့နေတော့ နှစ်လယ်သမားတွေ မိုးစပါးရောနွေးစပါးရော ဧက ၁၀၀ကျော်လောက် ပျက်စီးနေတာပေါ့” လို့ ပြောပါတယ်။

အခုလို ဆန်စက်ကြောင့်ရိုးမြောင်းပိတ်ဆို့ တိမ်ကောလာလို့ လယ်သမားတွေနဲ့ ဆန်စက်လုပ်ငန်းရှင်နဲ့ စပါးစိုက်ပျိုးချိန်တွေ ရိတ်သိမ်းချိန်တွေမှာ ပြဿနာမကြခဏ ဖြစ်ပေါ်နေကြပါတယ်။

အင်္ဂပူမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စလှယ် ဦးဘိုဘိုဇင်က “ကျနော်ကို လယ်သမားတွေဒေသခံတွေ တင်ပြလို့ ကျနော်ကိုယ်တိုင် ကွင်းဆင်းပြီး လယ်သမားတွေနဲ့ တွေ့ဆုံပြီးလို့ သက်ဆိုင်ရာဌာနတွေ ခုကိစ္စကို လုပ်ဆောင်ဖို့ပြောထားတယ်။ ဒါပေမယ့် ထိထိရောက်ရောက် မလုပ်နိုင်ကြဘူး။ ဒါကြောင့် အခုလည်း ဌာနဆိုင်ရာတွေနဲ့ ပေါင်းစပ်ညှိနှိုင်းမယ်။ ပြီးတော့ တိုင်းအစိုးရကို ကျနော်ကိုယ်တိုင်တင်ပြမယ်”လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013