DVB Logo
Home
မြန်မာသတင်း
နိုင်ငံလုံးဆိုင်ရာ လူငယ်နှီးနှောဖလှယ်ပွဲ ကျင်းပမည်
DVB
·
November 5, 2012
Donate to DVB

လူငယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို မြင့်တင်ပေးဖို့အတွက် နိုင်ငံတ၀န်းလုံးက မြန်မာ လူငယ်တွေ တွေ့ဆုံဆွေးနွေးပွဲ (Myanmar Youth Forum) တခုကို ကျင်းပဖို့ စီစဉ်နေကြပါတယ်။

နိုင်ငံတ၀န်းလုံးက သဘာဝ ပတ်ဝန်းကျင်၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ လူမှုရေး၊ နိုင်ငံရေးနဲ့ အသိပညာပေး လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နေတဲ့ အဖွဲ့ပေါင်းစုံက လူငယ်တွေက ချိတ်ဆက်ပြီးတော့ ဆွေးနွေးပွဲကို ကျင်းပမှာဖြစ်ပြီး လူငယ် ကိုယ်စားလှယ် ၃၀၀ လောက် တက်ရောက်ဆွေးနွေးဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေမှာ လူငယ်တွေအတွက် ထည့်သွင်းပြဋ္ဌာန်းထားခြင်း ရှိမရှိနဲ့ မရှိပါက ဥပဒေအတွက် ထည့်သွင်းစဉ်းစားရမယ့် အချက်တွေကိုလည်း ဆွေးနွေးကြမယ်လို့ အရပ်ဘက် အဖွဲ့အစည်းနဲ့ အလုပ်လုပ်ကိုင်နေသူတဦးက ပြောပါတယ်။

အဲဒီဖိုရမ်ကနေ လူငယ်ရေးရာ မူဝါဒတရပ်ကို ပြဋ္ဌာန်းမှာဖြစ်သလို ဆွေးနွေးချက်တွေကို လွှတ်တော်ကို ပေးပို့သွားမယ်လို့ ဆိုပါတယ်။

လွှတ်တော်မှာ လူငယ်ရေးရာ ကော်မတီတခု ဖြစ်ပေါ်လာအောင် ကြိုးစားသွားဖို့အတွက် ဒီဖိုရမ်ကို ကျင်းပတာ ဖြစ်တယ်လို့ ဆွေးနွေးပွဲအတွက် ချိတ်ဆက်ဆောင်ရွက်ပေးနေတဲ့ ဆက်သွယ်ရေး တာဝန်ခံ ကိုမိုးသွေးက ပြောပါတယ်။

ဆွေးနွေးပွဲ ကျင်းပရတဲ့ ရည်ရွယ်ချက် ၄ ခုကို ကိုမိုးသွေးက “ပထမက တနိုင်ငံလုံးမှာရှိတဲ့ လူငယ်ကိုယ်စားလှယ်တွေအားလုံး တွေ့ဆုံဆွေးနွေးပြီး နောင်ကို လူငယ်အရေးလှုပ်ရှားသွားဖို့။ နောက် တနိုင်ငံလုံးအတိုင်းအတာ လွှမ်းခြုံတဲ့ လူငယ်ကွန်ရက်ကြီးတခုပေါ်ပေါက်လာဖို့။ နောက် ၃ အချက်က လူငယ်တွေကြုံတွေ့နေရတဲ့ အခက်အခဲ၊  ပြဿနာတွေ၊ နောက်လူငယ်တွေ ယူရမယ့် တာဝန်ဝတ္တရားတွေ၊ လူငယ် statement တခုထွက်လာဖို့ပေါ့။ နံပါတ် ၄ က အစိုးရကနေ လူငယ်ရေးရာမူဝါဒ ပြဋ္ဌာန်းပြီးတော့ လူငယ်တွေအရေး လူငယ်တွေဖွံ့ဖြိုးတိုးတက်ဖို့ မြှင့်တင်ပေးပြီး လွှတ်တော်မှာလည်း လူငယ်ရေးရာကော်မတီတခုဖြစ်လာအောင် ကြိုးစားသွားဖို့ပေါ့။”

ရက်မသတ်မှတ်ရသေးပေမယ့် ဒီဇင်ဘာ ၁၂ ရက်လောက် ရန်ကုန်မှာ ကျင်းပဖို့ မျှော်လင့် ထားပြီး ခရိုင်တခုကို ၃ ဦးနှုန်း ကိုယ်စားလှယ် ရွေးချယ်သွားမယ်လို့ သူက ပြောပါတယ်။

ဆွေးနွေးပွဲကနေ ထုတ်ပြန်မယ့် ကြေညာချက်ကို  တနိုင်ငံလုံးရှိ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို ပေးပို့သွားမယ်လို့ ဆိုပါတယ်။
ဒီဆွေးနွေးပွဲပြီးနောက် ထွက်ပေါ်လာမယ့် လူငယ်ကွန်ရက်ကနေပြီး လွှတ်တော်မှာ လူငယ်ရေးရာ ကော်မတီတခု ဖြစ်လာရေးအတွက် ဆက်ကြိုးစားသွားမယ်လို့ ပြောပါတယ်။ ဆွေးနွေးပွဲကို လူငယ်အဖွဲ့အစည်းအားလုံးက ပူးပေါင်းဆောင်ရွက် လုပ်ဆောင်တာလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013