DVB Logo
Home
မြန်မာသတင်း
လောင်းလုံးတွင် တူးမီးသေနတ် ကိုင်ဆောင်ပါက အရေးယူမည်၊ ၁၆ လက် လာအပ်နှံ
DVB
·
May 11, 2019
လောင်းလုံးတွင် တူးမီးသေနတ် ကိုင်ဆောင်ပါက အရေးယူမည်၊ ၁၆ လက် လာအပ်နှံ
Donate to DVB

တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့နယ်မှာ ကျေးရွာသားတွေက တူးမီးသေနတ် ၁၆ လက် လာရောက်အပ်နှံခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။

မေ ၉ ရက်နေ့က လောင်းလုံးမြို့နယ် နယ်မြေအတွင်းရှိ ကျေးရွာတွေမှာ ရွာသားတွေကို တူးမီးသေနတ်တွေ ကိုင်ဆောင်ခြင်းမပြုဖို့ ကိုင်ဆောင်ပါက ဥပဒေအရ အရေးယူဆောင်ရွက် သွားမယ်လို့ ရဲတပ်ဖွဲ့က စည်းရုံးဟောပြောခဲ့ပြီးနောက် အခုလို လာရောက်အပ်နှံတာလို့ ဆိုပါတယ်။

မောင်းမကန်နယ်မြေရဲစခန်းကို တူးမီးသေနတ် ၅ လက်၊ ပြုလုပ်ဆဲ တူးမီးသေနတ် ၁ လက်၊ သကျက်တောရဲကင်းစခန်းကို သပြေရှောင်ကျေးရွာအုပ်စုမှ တူမီး သေနတ် ၁ လက်၊ ကျောက်တွင်းကျေးရွာအုပ်စုမှ တူမီးသေနတ် ၅ လက်၊ လုံးလောင်းမြို့မရဲစခန်းကို ပြင်ချောင်းကျေးရွာ အုပ်စုမှ တူမီးသေနတ် ၃ လက်၊ သဗျာကျေးရွာအုပ်စုမှ တူမီးသေနတ် ၁ လက်၊ စုစုပေါင်း တူမီး သေနတ် ၁၆ လက်အား အသီးသီး လာရောက်အပ်နှံခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013