DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
May 10, 2019
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိသာ ၆၀ ဝင်တအိတ်ကို ၇၉၆၀၀ ပေါက်ဈေးရှိပြီး ၁၈၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ မတ်ပဲ (သစ်) တအိတ်ကို ၇၇၀၀၀ ကနေ ၈၂၀၀၀ အထိ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ဈေးကျသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင်မှာ ၂၄၀၀ ကျပ် ဈေးကွာခြားပါတယ်။

ပဲစင်းငုံနီ

မန္တလေးကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ (သစ်) က ပိသာ ၆၀ ဝင်တအိတ်ကို ၉၅၀၀၀ ပေါက်ဈေးရှိပါတယ်။ အောင်လံကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ (သစ်) တအိတ်ကို ၉၅၄၀၀  ပေါက်ဈေးရှိပြီး ၂၄၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ အောင်လံကုန်စည်ဒိုင် ၄၀၀ ကျပ် ဈေးကွာခြားပါတယ်။

နှမ်းနက်စမုံ

မန္တလေးကုန်စည်ဒိုင်မှာ နှမ်းနက်စမုံက ၄၅ ပိသာဝင်တအိတ်ကို၂၆၀၀၀၀ ကနေ ၂၆၅၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ အောင်လံကုန်စည်ဒိုင်မှာ နှမ်းနက်စမုံ တအိတ်ကို ၂၆၅၀၀၀ ကနေ ၂၈၅၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ အောင်လံကုန်စည်ဒိုင် ၂၀၀၀၀ ကျပ် ဈေးကွာခြားပါတယ်။

နှမ်းနက်

မန္တလေးကုန်စည်ဒိုင်မှာ နှမ်းနက်က ၄၅ ပိသာဝင်တအိတ်ကို ၁၆၅၀၀၀ ပေါက်ဈေးရှိပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ နှမ်းနက်တအိတ်ကို ၂၁၀၀၀၀ ကနေ ၂၅၅၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မုံရွာကုန်စည်ဒိုင် ၉၀၀၀၀ ကျပ် ဈေးကွာခြားပါတယ်။

နှမ်းညို

မန္တလေးကုန်စည်ဒိုင်မှာ နှမ်းညိုက ၄၅ ပိသာဝင်တအိတ်ကို ၁၆၃၀၀၀ ပေါက်ဈေးရှိပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ နှမ်းညိုတအိတ်ကို ၁၅၃၀၀၀ ပေါက်ဈေးရှိပြီး ၃၀၀၀ ကျပ် ဈေးကျသွားပါတယ်။ မန္တလေးနဲ့ မုံရွာကုန်စည်ဒိုင် ၁၀၀၀၀ ကျပ် ဈေးကွာခြားပါတယ်။

ကြက်သွန်နီ

ပခုက္ကူကုန်စည်ဒိုင်မှာ ကြက်သွန်နီတပိသာကို ၂၅၀ ကနေ ၄၂၅ အထိ ပေါက်ဈေးရှိပြီး ၁၀ ကျပ် ဈေးကျသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာ ကြက်သွန်နီတပိသာကို ၃၀၀ ကနေ ၄၇၅ အထိ ပေါက်ဈေးရှိပါတယ်။ ပခုက္ကူနဲ့ မြင်းခြံကုန်စည်ဒိုင် ၅၀ ကျပ် ဈေးကွာခြားပါတယ်။

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013