DVB Logo
Home
မြန်မာသတင်း
မကွေးမြို့တွင် သေနတ်ကျည်ဆန် ၈၀၀ ခန့် သိမ်းဆည်းမိ
DVB
·
May 10, 2019
မကွေးမြို့တွင် သေနတ်ကျည်ဆန် ၈၀၀ ခန့် သိမ်းဆည်းမိ
Donate to DVB

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ နန်းထိုက်​သူဟိုတယ်​အနီး ​ကျောက်​သားဥယျာဉ် နံရံ​ဘေးနားက အမှိုက်ပုံမှာ ကျည်​ဆန် ၇၈၂ ​တောင့် ​ဒီနေ့မနက်ပိုင်းက သိမ်းဆည်းမိခဲ့ပါတယ်။

မ​ကွေးမြို့မရဲစခန်းမှူး ဒုရဲမှူး စိုးသိန်းထွန်းက "​ကျော်​လက်​ဖက်​ရည်​ဆိုင်​က ​ဆေးသုတ်​တဲက​လေး​တွေက ကျည်​ဆန်တွေ တွေ့တယ်​လို့ ဖုန်းဆက်​ပြီး အ​ကြောင်းကြားတဲ့အတွက်​ နယ်​ထိန်းအဖွဲ့နဲ့ သွား​ရောက်​ခဲ့ပြီး တပ်​ထိန်းအဖွဲ့ကို ဆက်​လက်​ အ​ကြောင်းကြားခဲ့ပါတယ်​။ ကျောက်​သား ဥယျာဉ်​​ဘေး အမှိုက်​ပုံမှာ ပီနံအိတ်​ခွံနဲ့ အထုပ်​တ​ထုပ်​ ​တွေ့ရှိပြီး အဲဒီအထုပ်ထဲက ပလတ်စတစ်​နဲ့ ထုပ်​ထားတဲ့ ကျည်​ဆန်ထုပ်​ ၂ ထုပ်​ထဲက 5.56 ကျည်​အမျိုးအစား ၇၈၂ ​တောင့်​ တွေ့ခဲ့တာပါ။ ခုမှဖြစ်​တာဆို​တော့ သုံးသပ်​ချက်​က ပြောလို့ မရ​သေးပါဘူး။ ကျည်​ဆန်တွေက​တော့ လာ​ရောက်​လွှင့်​ပစ်​ထားတဲ့ သ​ဘောဖြစ်​ပြီး တပ်​မ​တော်​နဲ့ ပူး​ပေါင်းပြီး ကျည်​ဆန်တွေ ရောက်​လာတဲ့ အ​ကြောင်းရင်းကို စုံစမ်းဖော်​ထုတ်​သွားမှာပါ” လို့ ပြောပါတယ်။

အဲဒီကျည်ဆန်တွေကို မ​ကွေးအ​ခြေစိုက်​ တပ်​မ ၈၈ မှ တပ်​ကြပ်​ကြီး မိုးညွန့်​ထွေးနဲ့အဖွဲ့က သိမ်းဆည်းသွားပြီး ဖြစ်​စဉ်​ကို စုံစမ်း​နေတယ်​လို့ သိရပါတယ်​။

သတင်း၊ ဓာတ်ပုံ - မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013