DVB Logo
Home
မြန်မာသတင်း
ဇာတ်ဝင်ခန်းအတွက် ရေသူမလေးလို ကူးခပ်ကာ အစမ်းလေ့ကျင့်ခဲ့သည့် အိချောပို (ရုပ်သံ)
DVB
·
May 10, 2019
ဇာတ်ဝင်ခန်းအတွက် ရေသူမလေးလို ကူးခပ်ကာ အစမ်းလေ့ကျင့်ခဲ့သည့် အိချောပို (ရုပ်သံ)
Donate to DVB

သရုပ်ဆောင်မင်းသမီး အိချောပိုဟာ ရေသူမလေးအဖြစ် ပါဝင်သရုပ်ဆောင်မယ့် ရုပ်ရှင်ဇာတ်ဝင်ခန်းအတွက် ရေထဲမှာကူးခပ်ပြီး အစမ်းလေ့ကျင့်နေတဲ့ ရုပ်သံဗွီဒီယိုဖိုင်တွေကို ပရိသတ်တွေအတွက် မျှဝေထားပါတယ်။

သူဟာ သရုပ်ဆောင် ဒါရိုက်တာ ကျော်သူ ရိုက်ကူးမယ့် ဒဏ္ဍာရီပင်လယ် အမည်ရတဲ့ ရုပ်ရှင်ထဲမှာ သရုပ်ဆောင်မှာ ဖြစ်ပါတယ်။

သမီးမြတ်ကျော်ရဲ့ ဇာတ်ညွှန်းကို ဝသုနြေ္ဒ ရုပ်ရှင်ထုတ်လုပ်ရေးအတွက် ရိုက်ကူးမယ့် ဒီရုပ်ရှင်ကားထဲမှာတော့ အိချောပိုနဲ့အတူ သရုပ်ဆောင်မင်းသားတွေ ဖြစ်ကြတဲ့ အလင်းရောင်၊ ထွန်းကိုကို၊ ပြေဇင်တို့ ပါဝင်ကြမှာ ဖြစ်ပါတယ်။

ရေအောက်မှာ ရေသူမလေးအသွင်နဲ့ ကူးခပ်နေတဲ့ ရုပ်သံဗွီဒီယိုဖိုင်ကို အိချောပိုက သူ့ရဲ့ ဖေ့စ်ဘွတ်ခ် အင်တာနက် လူမှုကွန်ရက် စာမျက်နှာပေါ်မှတဆင့် မျှဝေထားခဲ့တာဖြစ်ပြီး ခုလို ရေးသားထားခဲ့ပါတယ်။

“ရေသူမကားအတွက် ညဘက် အစမ်းလေ့ကျင့်မှုလေးတွေ...🧜🏼‍♀️”

ဒါရိုက်တာဝိုင်း၊ လူမင်း၊ နေတိုး၊ ပြေတီဦး၊ မြင့်မြတ်၊ ခန့်စည်သူတို့ ပါဝင်ဖွဲ့စည်းထားတဲ့ အနုပညာပျိုးခင်းရဲ့ ရွေးချယ်စင်တင်မှုနဲ့ အနုပညာလောကကို ရောက်ရှိလာခဲ့တဲ့ အိချောပိုဟာ ရုပ်ရှင်ကားတွေမှာ မှန်မှန်ရိုက်ကူးနေရပြီး သူကိုယ်တိုင် အသုံးပြုတဲ့ ဖေ့စ်ဘွတ်ခ် အင်တာနက် လူမှုကွန်ရက် စာမျက်နှာပေါ်မှာတော့ Followers ၁ သန်းကျော်ရှိနေပြီး ပရိသတ် ချစ်ခင်အားပေးမှု ရရှိနေသူတဦးလည်း ဖြစ်ပါတယ်။

လတ်တလောမှာတော့ သူတင်ထားခဲ့တဲ့ ရေသူမလေးလို ကူးခပ်နေတဲ့ ရုပ်သံဗွီဒီယိုဖိုင်ကို ဝင်ရောက်ကြည့်ရှုအားပေးသူ၊ ဝေဖန်မှတ်ချက်ရေးသူတွေနဲ့အတူ ရေပန်းစားနေခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ဇာတ်ဝင်ခန်းအတွက် ရေသူမလေးလို ကူးခပ်ကာ အစမ်းလေ့ကျင့်ခဲ့သည့် အိချောပို (ရုပ်သံ)