DVB Logo
Home
မြန်မာသတင်း
မော်ဟန်ဘူတာတွင် မီးရထားစက်ခေါင်းတွဲပေါ်မှ ကျောက်စိမ်းအရိုင်းတုံးများ သိမ်းဆည်းမိ
DVB
·
May 10, 2019
မော်ဟန်ဘူတာတွင် မီးရထားစက်ခေါင်းတွဲပေါ်မှ ကျောက်စိမ်းအရိုင်းတုံးများ သိမ်းဆည်းမိ
Donate to DVB

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် မော်ဟန်ဘူတာမှာ မေ ၉ ရက် မနက် ၇ နာရီက မိုးညှင်းဘူတာကလာတဲ့ အမှတ် ၉၃၈ အစုန်ကုန်ရထားတွဲမှာ တရားမဝင် ကျောက်စိမ်းအရိုင်းတုံးတွေ သိမ်းဆည်းရမိတယ်လို့ မိုးညှင်းရဲစခန်းက သိရပါတယ်။

သတင်းအရ မော်ဟန်ဘူတာအရောက်မှာ မော်ဟန်ရဲစခန်းမှ ဒုရဲအုပ်နဲ့ သက်သေတွေ အဖွဲ့က တက်ရောက်ရှာဖွေရာ ရထားတွဲအမှတ် GBHV 40700 စက်ခေါင်းမောင်း နားနေတွဲရဲ့ အိမ်သာချောင်မှာ သိုဝှက်သယ်ဆောင်လာတဲ့ ပီနံအိတ်တွေထဲက ကျောက်စိမ်းအရိုင်းတုံးလို့ ယူဆရတဲ့ ကျောက်အရွယ်စုံ ၄၀၅ တုံး၊ ကျောက်ခွဲခြမ်းအရွယ်စုံ ၂၂ ခြမ်း၊ စုစုပေါင်း အလေးချိန် ၆၉၀ ကီလိုဂရမ်လောက် သိမ်းဆည်းမိခဲ့ပါတယ်။

စက်ခေါင်းမောင်း ဦးသန့်ဇင်အောင်၊ လက်ထောက် ဦးသန်းထွန်းဦးတို့ကို မေးမြန်းရာ မိုးညှင်းဘူတာမှာ ရပ်နားစဉ် ဖိုးကော်ဆိုသူက အိတ်ထုပ်တွေနဲ့အတူ နဘားကို လိုက်ပါလိုကြောင်း အကူအညီတောင်းတာကြောင့် တင်စေခဲ့ကြောင်း၊ ဒီနောက် ဖိုးကော်ဟာ  ကွမ်းသွားဝယ်မယ်ပြောပြီး ရထားထွက်ခွာချိန်အထိ ပြန်ရောက်မလာဘဲ ပီနံအိတ်ထုပ်တွေသာ ရထားပေါ် ပါလာတာလို့ သိရပါတယ်။

တရားမဝင် ကျောက်စိမ်းအရိုင်းတုံးတွေ သယ်ဆောင်လာတဲ့ ဖိုးကော်အား မိုးညှင်းရဲစခန်းက ကျောက်မျက်ပုဒ်မ ၅၁(က) နဲ့ အမှုဖွင့် စုံစမ်းနေတယ်လို့ သိရပါတယ်။

သတင်း၊ ဓာတ်ပုံ - မုန်းမုန်းမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013