DVB Logo
Home
မြန်မာသတင်း
သောက်ရေခပ် (၁) ရေကာတာစီမံကိန်း ပယ်ဖျက်ပေးရန် တောင်းဆို
DVB
·
May 10, 2019
သောက်ရေခပ် (၁) ရေကာတာစီမံကိန်း ပယ်ဖျက်ပေးရန် တောင်းဆို
Donate to DVB

သံတောင်ကြီးဒေသ သောက်ရေခပ် (၁) ရေကာတာစီမံကိန်းကို ပြည်သူ့ဆန္ဒအတိုင်း ပယ်ဖျက်ပေးသင့်တယ်လို့ ကရင်ပြည်သူ့ပါတီက ထုတ်ပြန်လိုက်ပါတယ်။

ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသမှာ အကောင်အထည်ဖော်ဖို့ ရှိနေတဲ့ သောက်ရေခပ် (၁) ရေကာတာစီမံကိန်းကို ဒေသခံ ကရင်တိုင်းရင်းသားတွေက သဘောမတူကြောင်း မေလ ၃ ရက်နေ့က စပါးကျီကျေးရွာရှိ နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းမှာ စုရုံး ကန့်ကွက်ခဲ့ကြပါတယ်။

ဒီရေကာတာ စီမံကိန်းကြောင့် ဒေသခံ ကျေးရွာ ၆၀ ကျော် ရေအောက်ရောက်သွားမှာဖြစ်ပြီး ဘိုးဘေးဘီဘင် လက်ထက်ကတည်းက စိုက်ပျိုးစားသောက်လာခဲ့တဲ့ ဥယျာဉ်ခြံမြေတွေလည်း ရေအောက်နစ်မြုပ် ပျက်စီးသွားနိုင်တာကြောင့် ဒေသခံတွေက ကန့်ကွက်ကြတာလို့ ကရင်ပြည်သူ့ပါတီမှ ဦးစောတော်ပလဲက ပြောပါတယ်။

“အနည်းဆုံး ရွာ ၄၀ ရဲ့ ခြံမြေတွေ၊ စိုက်ပျိုးမြေတွေ အကုန်လုံး ရေအောက်ရောက်သွားမယ်။ လူဦးရေကတော့ တချို့က ရွာငယ်တွေပဲလေ။ တရွာကို လူဦးရေ ၁၅၀ နဲ့ တွက်ကြည့်ပေါ့ဗျာ။ ဒါ အနည်းဆုံးပေါ့။ အိမ်တွေကတော့ မမြုပ်နိုင်ဘူး။ ဒါပေမယ့် သူတို့ လုပ်စားကိုင်စားတာက အဲဒီဘက်ကလူတွေက လျှိုမြောင်တွေမှာ အုန်းသီး၊ မင်းကွတ်၊ ဒူးရင်းတွေ စိုက်ကြတယ်။ နည်းနည်း အပေါ်ကျတဲ့ ကုန်းတွေမှာဆိုရင် ဖာလာတွေ စိုက်ကြတယ်။ အဲဒါတွေ အကုန်လုံး မြုပ်ကုန်တော့မှာပေါ့။”

သောက်ရေခပ် (၁) ရေကာတာစီမံကိန်းကို ခူပြောင်ရွာရဲ့ အထက်ပိုင်းမှာ တည်ဆောက်ဖို့ လုပ်ဆောင်နေပြီး လျှပ်စစ်မဂ္ဂါဝပ် ၁၅၀ လောက်ထွက်ရှိမယ့် စီမံကိန်း ဖြစ်ပါတယ်။

သောက်ရေခပ် (၂) ရေကာတာစီမံကိန်းကို တည်ဆောက်ချိန်ကလည်း ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်ရှိ ကျေးရွာ ၂၀ ခန့်က ဒေသခံတွေ ပြောင်းရွှေ့ခဲ့ရသလို သူတို့ရဲ့ ဥယျာဉ်ခြံမြေများစွာ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

သောက်ရေခပ်  ၂ ရေကာတာစီမံကိန်းကို ၂၀၀၆ ခုနှစ်က စတင်တည်ဆောက်ပြီး ၂၀၁၂ မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။

လျှပ်စစ်စွမ်းအား ရရှိရေးအတွက် စစ်တောင်းမြစ်ဝှမ်းဒေသမှာ ရေအားလျှပ်စစ် ရေအရင်းအမြစ် ၁၃ ခု လျာထားချက်ရှိရာ သောက်ရေခပ်ချောင်းပေါ်မှာ သောက်ရေခပ် (၁) နဲ့ သောက်ရေခပ် (၂) ရေအားလျှပ်စစ်စီမံကိန်း နှစ်ခုလည်း အပါအဝင် ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013