DVB Logo
Home
မြန်မာသတင်း
ကြံခင်းကျေးရွာကျောင်း အလယ်တန်းအဆင့် တိုးမြှင့်ပေးရန် သမ္မတနှင့် အတိုင်ပင်ခံထံ တောင်းဆို
DVB
·
May 10, 2019
ကြံခင်းကျေးရွာကျောင်း အလယ်တန်းအဆင့် တိုးမြှင့်ပေးရန် သမ္မတနှင့် အတိုင်ပင်ခံထံ တောင်းဆို
Donate to DVB

ဖျာပုံမြို့နယ် ကြံခင်းကျေးရွာက အလယ်တန်းကျောင်း (ခွဲ) ကို အလယ်တန်းကျောင်း အဆင့် တိုးမြှင့်ပေးဖို့ ဒေသခံတွေက သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တောင်းဆိုခဲ့ကြပါတယ်။

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ ကြံခင်း (စံပြကျေးရွာ) မှာရှိတဲ့ အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) ကို အလယ်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့် သတ်မှတ်ပေးဖို့ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာ ရပ်မိရပ်ဖ၊ ကျေးရွာဒေသခံတွေက နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ တောင်းဆိုခဲ့ကြတာပါ။

ကြံခင်းကျေးရွာရှိ တွဲဖက်အလယ်တန်းကျောင်းကို ၁၉၇၅ ခုနှစ်က ကျေးရွာမှာတဲ့ ပြည်သူတွေက အိမ်ထောင်စုတစုကို ငွေတကျပ်နှုန်းစုပြီး ဆရာတွေငှား တည်ထောင်ခဲ့တာဖြစ်ပြီး ၂၀၀၈ ခုနှစ်ရောက်မှ အလယ်တန်းကျောင်းခွဲအဖြစ် ကျလာတယ်လို့ ကြံခင်းကျေးရွာ ရပ်မိရပ်ဖ ဦးမြင့်စိုးက ပြောပါတယ်။

ကြံခင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအေးလွင်က “ပြည်သူတွေအားလုံးက ဖြစ်စေချင်ကြတယ်၊ သူတို့ဖြစ်စေချင်လို့ ရပ်မိရပ်ဖတွေ၊ ကျောင်းကော်မတီတွေ၊ ဆရာ၊ ဆရာမတွေနဲ့ တိုင်ပင်ပြီး အထက်ကိုတင်ထားတာ” လို့ ပြောပါတယ်။

ကျေးရွာမှာ အလယ်တန်းကျောင်းအဖြစ် ကျခဲ့ရင် ကျောင်းသားမိဘတွေ၊ ကျောင်းသူကျောင်းသားတွေ၊ ရွာသူရွာသားတွေ ပီတိဖြစ်စရာပါလို့ ကျေးရွာဒေသခံ ဦးမောင်က ပြောပါတယ်။

ကြံခင်းကျေးရွာဟာ လူဦးရေ ၃၇၄၃ ဦး၊ အိမ်ထောင်စု ၉၀၉ စုရှိပြီး အနီးပတ်လည် ကျေးရွာပေါင်းများစွာနဲ့ ဆက်စပ်နေတဲ့ ရွာကလေးတရွာ ဖြစ်ပါတယ်။

သတင်း - ကျော်စိုးမိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013