DVB Logo
Home
မြန်မာသတင်း
အကျဉ်းထောင်ဆူပူမှုများ သွေးထိုးလှုံ့ဆော်မှုများရှိ၊ ဖြစ်ရပ်မှန် စစ်ဆေးမည်ဟု သမ္မတရုံးထုတ်ပြန်
DVB
·
May 10, 2019
အကျဉ်းထောင်ဆူပူမှုများ သွေးထိုးလှုံ့ဆော်မှုများရှိ၊ ဖြစ်ရပ်မှန် စစ်ဆေးမည်ဟု သမ္မတရုံးထုတ်ပြန်
Donate to DVB

အကျဉ်းထောင်ဆူပူမှုတွေဟာ ချိတ်ဆက်မှုတွေနဲ့ သွေးထိုးလှုံ့ဆော်မှုတွေ ရှိနေတယ်လို့ သုံးသပ်ရတာကြောင့် ဖြစ်ပွားနေတဲ့ ဆူပူတွေနဲ့ပတ်သက်ပြီး ဖြစ်ရပ်မှန်ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးမယ်လို့ သမ္မတရုံးက မေ ၉ ရက် ညမှာ ထုတ်ပြန်ပါတယ်။

သမ္မတရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်နဲ့ လွှတ်ပေးရေးအတွက် သက်ကြီးရွယ်အို၊ နာတာရှည်၊ ကျန်းမာရေးမကောင်းသူတွေ၊ အမျိုးသမီးတွေ၊ မသန်စွမ်းတွေ စတဲ့ အကျဉ်းသူ အကျဉ်းသားတွေကို ရွေးချယ်ရေးမူဝါဒနဲ့အညီ စနစ်တကျ စိစစ်ပြီး လွှတ်ပေးခဲ့ပါတယ်။

သမ္မတ လွတ်ငြိမ်းသက်သာခွင့်ကို အကြောင်းပြုပြီး မေ ၈ ရက်နေ့က ကလေးနဲ့ ဘားအံ အကျဉ်းထောင်၊ မေ ၉ ရက်နေ့က ရွှေဘို၊ မြစ်ကြီးနား၊ ထားဝယ်၊ သာယာဝတီနဲ့ ပုသိမ် စတဲ့ အကျဉ်းထောင်တွေမှာ အကျဉ်းသားတွေ ဆူပူမှုဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ အကျဉ်းထောင်ဆူပူမှုတွေမှာ အကျဉ်းသားတွေရဲ့ တောင်းဆိုချက်တွေဟာ တသဘောတည်း ထပ်တူထပ်မျှ ဖြစ်နေတာကို တွေ့ရပါတယ်။ ဒါ့အပြင် တချို့ အကျဉ်းထောင်တွေမှာ အကျဉ်းသားတချို့က လက်ကိုင်ဖုန်းနဲ့ လိုက်ဖ်လွှင့်တင်ခဲ့တာကို စိစစ်တွေ့ရှိခဲ့ရပါတယ်။

အထက်ပါဖြစ်စဉ်တွေကြောင့် အကျဉ်းထောင်ဆူပူမှုတွေဟာ ချိတ်ဆက်မှုတွေနဲ့ သွေးထိုးလှုံ့ဆော်မှုတွေ ရှိနေတယ်လို့ သုံးသပ်ရကြောင်း သမ္မတရုံး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သမ္မတ လွတ်ငြိမ်းခွင့် ၃ ကြိမ်ပေးပြီးနောက် မေ ၈ ရက်နေ့နဲ့ ၉ ရက်နေ့မှာ နိုင်ငံတဝန်းက အကျဉ်းထောင် ၇ ခုမှာ လွတ်ငြိမ်းခွင့်နဲ့ပတ်သက်ပြီး တန်းတူအခွင့်အရေး ရရှိရေးအတွက် ဆူပူ ဆန္ဒပြတာတွေ ဖြစ်ခဲ့တာပါ။

အကျဉ်းထောင် ၇ ခုလုံးက လွတ်ငြိမ်းသက်သာခွင့် တန်းတူရရှိဖို့၊ လူ့အခွင့်အရေးကော်မရှင်နဲ့ တွေ့ခွင့်ပေးဖို့၊ မီဒီယာတွေနဲ့ ချိတ်ဆက်ပေးဖို့၊ အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ခွင့်ပေးဖို့ စတဲ့ အချက် ၄ ချက် တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။

ဆူပူဆန္ဒပြမှုတွေထဲက မေ ၈ ရက် ညနေ စစ်ကိုင်းတိုင်း ရွှေဘိုအကျဉ်းထောင်မှာတော့ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာကြောင့် အကျဉ်းသား ၄ ဦး သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013