DVB Logo
Home
မြန်မာသတင်း
ရွှေဘိုအကျဉ်းထောင် ဆူပူမှု ထိန်းသိမ်းနိုင်ပြီဟု ၀န်ကြီးချုပ်ပြော
DVB
·
May 9, 2019
ရွှေဘိုအကျဉ်းထောင် ဆူပူမှု ထိန်းသိမ်းနိုင်ပြီဟု ၀န်ကြီးချုပ်ပြော
1 / 8
Donate to DVB

ရွှေဘိုအကျဉ်းထောင် ဆူပူ ဆန္ဒပြပွဲကို ဒီနေ့ နေ့လယ် ထိန်းသိမ်းနိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့  စစ်ကိုင်းတိုင်း ၀န်ကြီးချုပ်က ပြောပါတယ်။

စစ်ကိုင်းတိုင်း ၀န်ကြီးချုပ် ဒေါက်တာ မြင့်နိုင်က “၀န်ထမ်းတွေ အားလုံး သတိ ၀ိရိယနဲ့ နေပေးဖို့။ အခြေခံလူ့အခွင့်အရေးအနေနဲ့ အပြစ်ပြောစရာမရှိအောင် ထိန်းနိုင်အောင်လို့ ကိုယ်ထားခဲ့တယ်။ ဆရာ့အနေနဲ့လည်း မပြန်သေးဘူး၊ နောက်ဖြစ်လာနိုင်စရာလေးတွေ ရှိမလားဆိုပြီး ဒီမှာ တရက် နှစ်ရက် နေဦးမယ်။ မနက်ဖြန်သောကြာဆိုတော့ ဒီနေရာမှာ ထပ်ကြည့်ရဦးမှာဆိုတော့ ဆရာကိုယ်တိုင် ဒီမှာ ကြီးကြပ်ပြီး လုပ်သွားမယ်။ သူတို့က တန်းတူညီမျှအခွင့်အရေးပေါ့။ ဒါကိုလည်း အကုန်တင်ပေးမှာပဲ။ သူတို့တောင်းဆိုချက်တွေ အကုန်လုံး ရေးပါလို့ ပြောထားပြီးသားပဲ။”

ထိခိုက်ဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်ပြီးလည်း ၀န်ကြီးချုပ်က မနေ့က ဆူပူမှုမှာတော့ ၄ ယောက်သေဆုံးခဲ့ပြီး ဒီနေ့ နေ့လယ်ပိုင်း ဆူပူမှု ထိန်းသိမ်းရာမှာတော့  ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ ပြောပါတယ်။

“ဒီနေ့ ထိန်းသိမ်းရာမှာ ဘာမှ ဒဏ်ရာရတာ မရှိဘူးလို့ သိရတယ်လေ။  ဆရာလည်း အခု အဆောင်တွေ လှည့်ပတ်ကြည့်ခဲ့တယ်။ အပေါ်ခြောက်လုပ်တာ။ အခုက ထိန်းသိမ်းနိုင်သွားပြီ။”

ရွှေဘိုအကျဉ်းထောင်မှာ မေ ၈ ရက်နေ့ ညနေပိုင်းက ဆူပူမှုတွေ ဖြစ်ခဲ့ပြီး အကျဉ်းထောင်လုံခြုံရေးတွေက ပစ်ခတ်ဟန့်တားခဲ့လို့ အကျဉ်းသား ၄ ဦး သေဆုံးခဲ့ကာ ဒီနေ့ နေ့လယ်ပိုင်းအထိ ၂၂ နာရီကြာ ထောင်တွင်း ဆူပူမှု ဖြစ်ပွားခဲ့ပြီး မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်လူစုခွဲခဲ့ရတာပါ။

ဒီနေ့ နေ့လယ် ဆူပူ ဆန္ဒပြမှုကို ထိန်းသိမ်းခဲ့ပြီးနောက် ၀န်ကြီးချုပ်က သတင်းထောက်တွေကို ထောင်တွင်းအခြေအနေနဲ့ အကျဉ်းသားတွေဆီက သိမ်းဆည်းရခဲ့တဲ့ လက်နက်မျိုးစုံအား ပြသခဲ့တယ်လို့ ဒီဗွီဘီသတင်းထောက်က ပြောပါတယ်။

ရွှေဘိုအကျဉ်းထောင်တွင်းမှာ သမ္မတရဲ့ လွတ်ငြိမ်းသက်သာခွင့်မှာ မပါတဲ့ အကျဉ်းသားတွေက သူတို့ကိုလည်း တန်းတူ အခွင့်အရေးပေးပြီး ပြန်လွှတ်ပေးဖို့ ဆူပူ တောင်းဆိုခဲ့ကြတာလည်း ဖြစ်ပါတယ်။

ရွှေဘိုအကျဉ်းထောင် ဆူပူ ဆန္ဒပြပွဲကို ထိန်းသိမ်းရာမှာ စုစုပေါင်း လုံခြုံရေးအင်အား ၃၀၀ လောက် အသုံးပြုခဲ့တယ်လို့ သိရပါတယ်။

အောင်ကိုလတ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013