DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
May 9, 2019
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

ရတနာတိုး (စပါး)

ပေါင်းတည်ကုန်စည်ဒိုင်မှာ ရတနာတိုး (စပါး) တင်း ၁၀၀ ကို ၄၅၀၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀၀ ကျပ် ဈေးကျသွားပါတယ်။ နတ်တလင်းကုန်စည်ဒိုင်မှာ ရတနာတိုး (စပါး) တင်း ၁၀၀ ကို ၅၇၀၀၀၀ ပေါက်ဈေးရှိပါတယ်။ ပေါင်းတည်နဲ့ နတ်တလင်းကုန်စည်ဒိုင် ၁၂၀၀၀၀ ကျပ် ဈေးကွာခြားပါတယ်။

မတ်ပဲ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိသာ ၆၀ ဝင်တအိတ်ကို ၇၇၈၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ မတ်ပဲ (သစ်) တအိတ်ကို ၇၅၀၀၀ ကနေ ၈၃၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၅၂၀၀ ကျပ် ဈေးကွာခြားပါတယ်။

ပဲစင်းငုံနီ

မန္တလေးကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ (သစ်) က ပိသာ ၆၀ ဝင်တအိတ်ကို ၉၅၀၀၀ ပေါက်ဈေးရှိပါတယ်။ အောင်လံကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ (သစ်) တအိတ်ကို ၉၃၀၀၀  ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ အောင်လံကုန်စည်ဒိုင် ၂၀၀၀ ကျပ် ဈေးကွာခြားပါတယ်။

စားတော်ပဲလုံး

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ စားတော်ပဲလုံးက ၅၉ ဒသမ ၂၅ ပိသာဝင် တအိတ်ကို ၇၄၀၀၀ ကနေ ၇၅၂၀၀ အထိ ပေါက်ဈေးရှိပါတယ်။ ဆင်ဖြူကျွန်းကုန်စည်ဒိုင်မှာ စားတော်ပဲလုံး တအိတ်ကို ၁၀၅၀၀၀ ပေါက်ဈေးရှိပြီး ၃၀၀၀ ကျပ် ဈေးကျသွားပါတယ်။ ရန်ကုန်နဲ့ ဆင်ဖြူကျွန်းကုန်စည်ဒိုင် ၂၉၈၀၀ ကျပ် ဈေးကွာခြားပါတယ်။

ကြက်သွန်ဖြူ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ကြက်သွန်ဖြူ တပိသာကို ၈၀၀ ကနေ ၁၆၀၀ အထိ ပေါက်ဈေးရှိပြီး အနိမ့်ဆုံးဈေးက ၁၀၀ ကျပ် ဈေးကွာခြားပါတယ်။ ပခုက္ကူ ကုန်စည်ဒိုင်မှာ ကြက်သွန်ဖြူ တပိသာကို ၃၅၀ ကနေ ၁၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ ပခုက္ကူကုန်စည်ဒိုင် ၆၀၀ ကျပ် ဈေးကွာခြားပါတယ်။

မုန်လာဥနီ

သီရိမင်္ဂလာဈေး ကုန်စည်ဒိုင်မှာ မုန်လာဥနီ တပိသာကို ၁၂၀၀ ကနေ ၁၅၀၀ အထိ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ် ဈေးကျသွားပါတယ်။ အောင်ပန်းကုန်စည်ဒိုင်မှာ မုန်လာဥနီ တပိသာကို ၇၀၀ ပေါက်ဈေးရှိပြီး ၁၅၀ ကျပ် ဈေးတက်လာပါတယ်။ သီရိမင်္ဂလာဈေးနဲ့ အောင်ပန်းကုန်စည်ဒိုင် ၈၀၀ ကျပ် ဈေးကွာခြားပါတယ်။

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013