DVB Logo
Home
မြန်မာသတင်း
ဘားအံ အကျဉ်းထောင်အတွင်း ဆူပူသူများကို အရေးမယူဟု ပြည်နယ်ဝန်ကြီးပြော
DVB
·
May 9, 2019
ဘားအံ အကျဉ်းထောင်အတွင်း ဆူပူသူများကို အရေးမယူဟု ပြည်နယ်ဝန်ကြီးပြော
1 / 5
Donate to DVB

ကရင်ပြည်နယ်၊ ဘားအံအကျဉ်းထောင် (တောင်ကလေး)မှာ အကျဉ်းသားတွေ တန်းတူ အခွင့်အရေးရဖို့ ဆူပူတောင်းဆိုကြတာနဲ့ ပတ်သက်ပြီး အရေးမယူဘူးလို့ ကရင်ပြည်နယ် အစိုးရ စီမံဘဏ္ဍာဝန်ကြီးက ပြောပါတယ်။

ဘားအံအကျဉ်းထောင်မှာ မေ ၇ ရက် ည ၉ နာရီက စပြီး ထောင်ကျ အကျဉ်းသား အိပ်ဆောင် ၂ ဆောင်ကနေ စတင်ပြီး မူးယစ်ဆေးဝါးမှုတွေနဲ့ ပြစ်ဒဏ်ကျခံနေရသူတွေက  လွတ်ငြိမ်းခွင့်တန်းတူရရေး၊ မီဒီယာတွေနဲ့ တွေ့ဆုံခွင့်ပေးရေး အော်ဟစ်ဆူပူပြီး တောင်းဆိုခဲ့ကြတာပါ။

ကရင်ပြည်နယ်အစိုးရအဖွဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး၊ ဦးသန်းနိုင်က “ဒီလိုဆူပူတဲ့အတွက်ကြောင့် အစိုးရအဖွဲ့အနေနဲ့ကတော့ ဟိုလူကိုအရေးယူပါ။ ဒီလူအရေးယူပါ။ ကျနော်တို့ ပြောစရာအကြောင်းမရှိဘူး။ အကျဉ်းဦးစီးဌာနရဲ့ အလုပ် ပုံမှန်အတိုင်းပဲ သူတို့အလုပ် သူတို့လုပ်ရမှ ကျနော်တို့ ၀င်စွက်ဖက်လို့ မရဘူး”လို့ ပြောပါတယ်။

ထောင်ဝင်စာလာတွေ့တဲ့ ဘားအံမြို့ခံဒေါ်ဝါက“သူတို့ကို အစာရေစာဖြတ်လိုက်မလား။ ကလေးတွေသူတို့စားဖို့ ရေတွေသောက်ဖို့အဆင်မှ ပြေပါမလား။ ဒီနေ့ သူတို့တွေ ဆန္ဒတွေစောနေလို့ ထမင်းတွေမှ စားရပါ့မလား။ စိတ်ပူတာပေါ့”လို့ ပြောပါတယ်။

ဘားအံမြို့၊ အမှတ် ၃ ရပ်ကွက်နေ ဦးလှချောက“ကိုင်တွယ်မှု အပေါ်မှာတော့ မပြောချင်ဘူး။ ဒါပေမယ့် ခုနကပြောသလို အစားရေစာဖြတ်မှာ စိုးရိမ်တယ်။ နောက်ပြီး အမျိုးမျိုးအပြင်ကနေ ပူရတယ်”လို့ ပြောပါတယ်။

ကရင်ပြည်နယ် ၀န်ကြီးချုပ်ခရီးလွန်နေတဲ့အတွက် ပြည်နယ် ၀န်ကြီးချုပ်ကိုယ်စား စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာရေးဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ထောင်ပိုင်ကြီးတို့က အကျဉ်းသားတွေ့နဲ့တွေ့ဆုံပြီး အကျဉ်းသားတွေရဲ့ တောင်းဆိုမှုတွေကို တာဝန်ရှိသူတွေကို တင်ပြပေးမယ်လို့ ကတိပေးပြောကြားခဲ့ပြီး  ထောင်သားတွေ အေးဆေးစွာ နေထိုင်ကြဖို့ ဆွေးနွေးခဲ့ပါတယ်။

ဒါပေမယ့် အကျဉ်းသားတွေက ညပိုင်းမှာ ဆက်လက်ဆူပူနေတဲ့အတွက် ထောင်အတွင်း သေနတ်တချက်ပစ်ဖောက်ဟန့်တားခဲ့ရပြီး ဆက်လက်အော်ဟစ်ဆူပူနေရင် ထောင်ဝင်စာတွေ့  ခွင့်ပြုပေးမှာမဟုတ်ဘူးလို့ ထောင်ပိုင်ကြီးက ပြောဆိုခဲ့လို့ အကျဉ်းသားတွေဟာ ည ၉ နာရီလောက်မှာ ဆူပူမှုရပ်ဆိုင်းခဲ့ပါတယ်။

ထောင်ဝင်စာ တွေ့ဆုံခွင့်ကို မေ ၉ ရက်မနက်ပိုင်းကစတင်ပြီး ပြန်လည်တွေ့ဆုံခွင့် ပေးခဲ့သလို အကျဉ်းထောင်အတွင်းမှာလည်း ပြန်လည်တည်ငြိမ်သွားပြီးဖြစ်ပါတယ်။

သတင်း- ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013