DVB Logo
Home
မြန်မာသတင်း
သာယာဝတီထောင်အတွင်း အကျဉ်းသားများ အချက် ၃ ချက် တောင်းဆို
DVB
·
May 9, 2019
သာယာဝတီထောင်အတွင်း အကျဉ်းသားများ အချက် ၃ ချက် တောင်းဆို
1 / 6
Donate to DVB

ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း သာယာဝတီခရိုင် သာယာဝတီထောင်အတွင်းမှာ ဒီနေ့ မနက် ၈ နာရီ အချိန်လောက်က စတင်ပြီး ထောင်အတွင်း ဆူပူ ဆန္ဒပြမှုတွေ ဖြစ်ပွားနေတယ်လို့ သာယာဝတီခရိုင် ရဲတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ထောင်အတွင်းအကျဉ်းသားတွေဟာ သူတို့ရဲ့ အိပ်ဆောင်တွေထဲကနေ မီဒီယာနဲ့ တွေ့ဆုံရေး၊ အကျဉ်းသားများ တန်းတူအခွင့်အရေးရရှိရေး၊  လူ့အခွင့်အရေး ကော်မရှင်နဲ့ တွေ့ဆုံရေး ဆိုတဲ့ အချက် ၃ ချက်ကို ဆန္ဒထုတ်ဖော်နေတယ်လို့ သိရှိရပါတယ်။

အကျဉ်းထောင်အပြင်ဘက်မှာ ဒီနေ့ ထောင်ဝင်စာလာရောက်တွေ့ဆုံသူ ၂၅ ဦးလောက် ထောင်ဝင်စာတွေ့ဆုံခွင့် မပေးသေးတာကြောင့် စောင့်ဆိုင်းနေကြပြီး နေ့လယ် ၂ နာရီအထိ ထောင်ဝင်စာတွေ့ဆုံခွင့် ရရှိမယ်/ မရရှိဘူးဆိုတာ မသိရသေးဘူးလို့ ထောင်ဝင်စာ လာရောက်တွေ့ဆုံတဲ့ မိဘတဦးက ပြောပါတယ်။

“အကို့သားလေးက မူးယစ်ပုဒ်မနဲ့ ထောင် ၁၄ နှစ် ကျခံနေရတာပါ။ အကိုတို့မှာ ရန်ကုန်ကနေ ကားငှားပြီး တကူးတက ထောင်ဝင်စာ လာတွေ့ရတာ။ တခေါက်တခေါက် လာဖို့ဆိုတာလည်း မလွယ်ပါဘူး။ အခုဟာက မူးယစ်ပုဒ်မတွေချင်းအတူတူ လွှတ်တဲ့လူ လွှတ် မလွှတ်တဲ့လူ မလွှတ် မမျှတသလို၊ အခုလာတွေ့ပြန်တော့လဲ တွေ့ခွင့်မပေးတဲ့အပြင် ပါလာတဲ့ အစားအသောက်ပစ္စည်းလေးတွေကို ထားခဲ့ပါရစေ ဆိုတာလည်း လက်မခံ၊ နောက် တာဝန်ရှိသူ လူကြီးတွေနဲ့ တွေ့ပြီးစကားပြောမယ် ဆိုတော့လည်း တွေ့ခွင့်မပေးဘူး။"

မေလ ၈ ရက်နေ့က စစ်ကိုင်းတိုင်း ကလေးမြို့နယ် မော်လိုက်အကျဉ်းထောင်၊ ရွှေဘိုအကျဉ်းထောင်နဲ့ ကရင်ပြည်နယ်က ဘားအံ ထောင်တွေမှာ ဆူပူမှုတွေဖြစ်ပွားခဲ့ရာမှာ ရွှေဘိုအကျဉ်းထောင်မှာတော့ လူသေဆုံးမှုတွေအထိ ရှိခဲ့ပြီး ဒီကနေ မနက်ပိုင်းမှာတော့ မြစ်ကြီးနားထောင်နဲ့ သာယာဝတီထောင်တွေမှာ တန်းတူအခွင့်အရေးရရှိရေး တောင်းဆိုနေကြတာပါ။

လက်ရှိအချိန်ထိ သာယာဝတီထောင်အတွင်း တောင်းဆိုတာတွေ ဆက်လက်ပြု လုပ်နေပြီး ထောင်အတွင်းနဲ့ အပြင်ဘက်တွေမှာ လုံခြုံရေးအင်အားအပြည့်ဖြင့် စောင့်ကြည့်နေပြီး လုံခြုံရေးလိုအပ်ချက်အရ နောက်ထပ်ရဲတပ်ဖွဲ့ဝင်တွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ မီးသတ်ကားတွေ ထပ်မံလာရောက်အားဖြည့်နေတာကို တွေ့ရပါတယ်။

နိုင်ငံတော်သမ္မတအမိန့်နဲ့ ဧပြီလ ၁၇ ရက်နေ့က စတင်ပြီး လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသားတွေကို ၃ ကြိမ်မြောက် လွှတ်ပေးခဲ့တာပါ။

သတင်း ဝဏ္ဏထွန်း /မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013