DVB Logo
Home
မြန်မာသတင်း
ဝါး​တောင်​စစ်​​ဘေး​ရှောင်​စခန်းမှ ဒုက္ခသည်​တဦး မိုင်းထိမှန်
DVB
·
May 9, 2019
ဝါး​တောင်​စစ်​​ဘေး​ရှောင်​စခန်းမှ ဒုက္ခသည်​တဦး မိုင်းထိမှန်
Donate to DVB

ကျောက်​​တော်​မြို့ ဝါး​တောင်​စစ်​​ဘေး​ရှောင်​စခန်းမှ ဒုက္ခသည်​တဦး မနေ့က မိုင်းထိမှန်​ပြီး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့လို့ ကျောက်တော်ဆေးရုံကနေ ​စစ်တွေဆေးရုံ ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

ရခိုင်​ပြည်​နယ်၊​ ​ကျောက်​​တော်​မြို့၊ ဝါး​တောင်​စစ်​​ဘေး​ရှောင်​ဒုက္ခသည်​စခန်းမှ မြိုတိုင်းရင်းသားတဦးဖြစ်​တဲ့ ဦးပန်း​အောင်​​ချေဟာ​ ​မေလ ၈ ရက်​​နေ့ မနက်​ပိုင်းက မိုးရာသီအတွက်​ တဲ​ဆောင်​ဖို့​ မြို့​ချောင်းအနီး ​တောထဲ ဝါး​သွားခုတ်စဉ်​ မိုင်းထိမှန်​ကာ ညာဘက်ခြေဖဝါး ဒဏ်​ရာပြင်းထန်စွာရရှိခဲ့တာပါ။

ကျောက်​​တော်​​ဆေးရုံ ပို့​ဆောင်​ရာ ​ခြေ​ထောက်​ဖြတ်​ရမှာ ​ဖြစ်​တာကြောင့် စစ်​​ဆေးရုံ ယူ​ဆောင်​ဖို့ ဆရာဝန်​က​ညွှန်​ကြားတဲ့အတွက်​ စစ်​​တွေ ပို့​ဆောင်​ခဲ့ရတယ်လို့ ဝါး​တောင်​ စစ်​​ဘေး​ရှောင်​စခန်းတာဝန်​ခံ ဦး​မောင်​လှက ​ပြောပါတယ်​။

"သူတို့က မူလ ခမောင်းကျေးရွာက ဖြစ်ပါတယ်​။ စစ်​​ဘေး​ရှောင်​ဒုက္ခသည်​​တွေပါ။ မိုးရာသီအတွက်​ တဲဆောက်​ဖို့ ကြိုတင်​ပြီး ၀ါး​တွေခုတ်​နေကြတာပါ။ သူတို့သွားတာက လူအများကြီးပါ။ တယောက်​တ​နေရာဝါးခုတ်​ကြတယ်​၊ ဝါးခုတ်ပြီး သစ်​သီး​တွေရှာကြတယ်​။ ပိန္နဲသီးတို့၊ သရက်​သီးတို့​ပေါ့။ အသီး​တွေကို ဝါး​တောင်​​ကျေးရွာမှာ ​ရောင်းချတယ်​၊ ဒီလိုအသက်​​မွေး​နေကြတာပါ။ အပြန်မှာ ​ထောင်​မိုင်း နှင်းမိတာပါ။ ဒဏ်​ရာပြင်းထန်​​တဲ့အတွက်​ ​ကျောက်​​တော်​ဆေးရုံက ​ခြေ​ထောက်​ဖြတ်​ရမယ်​​ ပြောလို့ စစ်​​တွေကို ပို့​ဆောင်ထားပါတယ်။"

ဝါး​တောင်​ စစ်​​ဘေးဒုက္ခသည်​စခန်းမှာ တပ်​မ​တော်နဲ့ ​အေ​အေ တိုက်​ပွဲတွေကြောင့် ထွက်ပြေးလာတဲ့ အိမ်​​ထောင်​စု ၂၃၄ စု၊ လူဦး​ရေ ၁၂၂၁ ဦး ခိုလှုံနေကြတယ်လို့ သိရပါတယ်။

ဗညား

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013