DVB Logo
Home
မြန်မာသတင်း
ကလေးမြို့တွင် မီးလောင် ကျပ်သိန်း ၈၀ ကျော်ဖိုး ဆုံးရှုံး
DVB
·
May 8, 2019
ကလေးမြို့တွင် မီးလောင် ကျပ်သိန်း ၈၀ ကျော်ဖိုး ဆုံးရှုံး
1 / 8
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ အောင်သစ္စာရပ်ကွက်ရှိ Star မုန့်ဖိုမှာ ဒီမနက် ၄ နာရီလောက်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူနေအိမ် လေးလုံးနဲ့ ကြက်ခြံ တလုံးကိုလည်း ကူးစက်လောင်ကျွမ်းခဲ့ပါတယ်။

ပေါင်မုန့်ဖို မီးကွိုင်ကနေတဆင့် မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးစလောင်ချိန်မှာ မီးသတ်ဌာနရဲ့ ဖုန်းနံပါတ်မသိတာကြောင့် သတင်းပေးပို့ချိန် နောက်ကျခဲ့ရပြီး ခုလို နေအိမ်တွေ မီးထဲပါသွားတာလို့ အိမ်နီးနားချင်းတချို့က ဆိုပါတယ်။

အဲ့ဒီမီးလောင်ကျွမ်းမှုကြောင့် နေအိမ် လေးလုံး၊ မုန့်ဖိုတလုံးနဲ့ ကြက်ခြံတခြံအပြင် ကားတစီးနဲ့ ဝက်တကောင်ပါ ဆုံးရှုံးခဲ့ရပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ် သိန်း ၈၀ ရှိတယ်လို့လည်း ကလေးမြို့နယ် မီးသတ်ဦးစီးမှူး ဦးအောင်ကိုဌေးက ခန့်မှန်းပြောပါတယ်။

ဒီမီးလောင်မှုဟာ ၂၀၁၉ ခုနှစ်အတွင်း ကလေးမြို့မှာ အကြီးမားဆုံး ပမာဏ ဆုံးရှုံးမှုရှိခဲ့တဲ့ မီးလောင်မှု ဖြစ်ပြီး  ၈ ကြိမ်မြောက် မီးလောင်တာလည်း ဖြစ်ပါတယ်။

မီးငြှိမ်းသတ်ရာမှာတော့ မီးသတ်ယာဉ်တွေအပြင် တပ်မတော် ရေသယ်ယာဉ်တွေပါ လာရောက် ကူညီ ငြှိမ်းသတ်ခဲ့တာကို တွေ့ရပါတယ်။

အခုလို မီးလောင်ကျွမ်းမှုကြောင့် ပိုင်ရှင်ဖြစ်သူ ဦးသန်းအောင်ကို ကလေးမြို့မ ရဲစခန်းက စစ်ဆေးအရေးယူ နေပါတယ်။

သတင်း- မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013