DVB Logo
Home
မြန်မာသတင်း
အင်းတော်ကြီးတွင် မူးယစ်ဆေးနှင့် လက်ပစ်ဗုံးဖမ်းမိ၊ တရားခံက ရဲကို ဓားဖြင့်ခုတ်ခုခံ
DVB
·
May 8, 2019
အင်းတော်ကြီးတွင် မူးယစ်ဆေးနှင့် လက်ပစ်ဗုံးဖမ်းမိ၊ တရားခံက ရဲကို ဓားဖြင့်ခုတ်ခုခံ
1 / 3
Donate to DVB

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်မှာ ရဲတပ်ဖွဲ့ဝင်တွေက မေလ ၅ ရက်နေ့မှာ မူးယစ်ဆေးဝါးသွား ရောက်ဖမ်းဆီးခဲ့ရာမှ တရားခံက ဓားနဲ့ခုတ်ပြီး ပြန်လည်ခုခံတဲ့အတွက် လုံးထွေးဖမ်းဆီးခဲ့ရပြီး မူးယစ်ဆေးအပြင် လက်ပစ်ဗုံး ၂လုံးပါ ဖမ်းမိခဲ့တယ်လို့ မိုးညှင်းရဲစခန်းက သိရပါတယ်။

မိုးညှင်းမူးယစ်တပ်စု ၃ လုံးတုံနယ်ထိန်း၊ ဟိုပင်ပြည်သူ့စစ်နဲ့ ပန်းလား ကျေးရွာအုပ်ချုပ်ရေးမှူး ပူးပေါင်းအဖွဲ့ဟာ မူးယစ်ဆေးဝါးရောင်းချနေတဲ့ သတင်းအရ အင်းတော်ကြီး အိုင်လေးတူ ကျေးရွာနေ မြင့်အေးနေအိမ်ကို ရှာဖွေရာ ရဲတပ်ဖွဲ့ဝင်တွေကို ဓားရှည်နဲ့ ခုတ်ခဲ့တဲ့အတွက် ရဲတပ်ကြပ်တဦးခေါင်းမှာ ဓားဒဏ်ရာရှိပြီး လုံးထွေးသတ်ပုတ်ပြီး ဖမ်းမိခဲ့တာပါ။

မြင့်အေးလွယ်ထားတဲ့ လွယ်အိတ်ထဲက ၈ လက်မလောက်ရှည်တဲ့ ကြိုးဆွဲလက်ပစ်ဗုံး တလုံး၊ အမြင့် ၄ လက်မရှိနာနတ်သီးဗုံးတလုံး၊ ၈၈/၁ စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၅၀ ပြား ဘိန်းမဲလို့ ယူဆရတဲ့အညိုရောင်အစေး ၂၅ ဂရမ် ဘိန်းဖြူလို့ ယူဆရတဲ့ ဖြူဝါကြားအမှုန့် ဒသမ ၀၁ ဂရမ်၊ မူးယစ်ဆေးသုံးစွဲရာမှာအသုံးပြုတဲ့ ပိုက်ရှည် ၂ ချောင်းတပ် ကော်ဗူးတခု၊ ဓားတိုရှည် ၃ ချောင်းတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။

ဒီအမှုကို မူးယစ်တပ်ဖွဲ့ ၃ မှ ရဲအုပ်အောင်ပိုင်ကတရားလိုအဖြစ် တိုင်ကြားခဲ့တဲ့အတွက် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ပုဒ်မ၁၉(က)/၂၂(ခ)တို့နဲ့ လုံးတုံရဲစခန်းမှာ အမှုဖွင့်အရေးယူထားပါတယ်။

သတင်း - မုန်းမုန်းမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013