DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့ကြက်ခြေနီနေ့အခမ်းအနား ရန်ကုန်သူနာပြု တက္ကသိုလ်၌ ကျင်းပ
DVB
·
May 8, 2019
ကမ္ဘာ့ကြက်ခြေနီနေ့အခမ်းအနား ရန်ကုန်သူနာပြု တက္ကသိုလ်၌ ကျင်းပ
1 / 8
Donate to DVB

ဒီကနေ့ ကျရောက်တဲ့ ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် အခမ်းအနားကို မေလ ၈ ရက်နေ့က ရန်ကုန်မြို့ သူနာပြု တက္ကသိုလ်မှာ ကျင်းပပါတယ်။

အခမ်းအနားမှာ ရခိုင်ပြည်နယ် စစ်ပွဲတွေအတွင်းမှာ တာဝန်ထမ်းဆောင်ခဲ့သူတွေ၊ သွေးအလှူရှင်တွေ၊ ထူးချွန်တဲ့ကြက်ခြေနီတွေ၊ သက်တမ်းပြည့်နေတဲ့ အသက်ကြီးရင့်တဲ့ တပ်ဖွဲ့ဝင်တွေကိုလည် ဂုဏ်ပြုခဲ့ပါတယ်။

ရန်ကုန်တိုင်း ကြက်ခြေနီ ကြီးကြပ်မှုကော်မတီမှာ လက်ရှိမှာ အဖွဲ့ဝင်အင်အား ၆၀၀၀ ကျော်ရှိပြီး ကြက်ခြေနီတပ်ဖွဲ့ဝင်တွေရဲ့ အရည်အချင်းတွေနဲ့ စိတ်ပါဝင်စားမှုတွေကို အသိအမှတ်ပြုတဲ့ အနေနဲ့ အခမ်းအနားကို ကျင်းပခဲ့တာပါ။

ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနားကို ရန်ကုန်တိုင်း ၀န်ကြီးချုပ်၊ လွှတ်တော်ကိုယ်စား လှယ်တွေ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ ကြက်ခြေနီ ကြီးကြပ်မှုကော်မတီက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013