DVB Logo
Home
မြန်မာသတင်း
ရိုက်တာသတင်းသမား ၂ ဦး လွတ်မြောက်မှု၊ ဟောလိဝုဒ် မင်းသားကြီး ဂျော့ကလူနီ ၀မ်းမြောက်
DVB
·
May 8, 2019
ရိုက်တာသတင်းသမား ၂ ဦး လွတ်မြောက်မှု၊ ဟောလိဝုဒ် မင်းသားကြီး ဂျော့ကလူနီ ၀မ်းမြောက်
Donate to DVB

ရိုက်တာသတင်းဌာနရဲ့ မြန်မာသတင်းထောက်ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို မြန်မာ အစိုးရက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မနေ့က ပြန်လွှတ်ပေးလိုက်တဲ့အပေါ် ၀မ်းသာမိကြောင်း ဟော လိဝုဒ် ၀ါရင့်သရုပ်ဆောင် မင်းသားကြီး ဂျော့ကလူးနီက ပြောလိုက်ပါတယ်။

အမေရိကန်ရုပ်သံအစီအစဉ်တခုဖြစ်တဲ့ Jimmy Kimmel Live အစီအစဉ်နဲ့ တွေ့ဆုံချိန်မှာတော့ ကလူးနီက “နောက်ဆုံးမှာတော့ သူတို့ထောင်ထဲက ပြန်ထွက်နိုင်ခဲ့ပြီပေါ့။ ဒီအတွက် ကျနော်တို့ အရမ်းကို ၀မ်းမြောက်မိပါတယ်”လို့ ပြောလိုက်ပါတယ်။  

မင်းသားကြီးရဲ့ ဇနီးဖြစ်တဲ့ အမောလ်ကလူးနီဟာ ရိုက်တာသတင်းထောက် ၂ ဦးရဲ့ အမှုမှာ ဥပဒေအကြံပေး တယောက်အနေနဲ့ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။

နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေနဲ့  ၂၀၁၈ စက်တင်ဘာ ၃ ရက်နေ့မှာ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရတဲ့ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ နိုင်ငံတော်သမ္မတက အကျဉ်းသား ၆၅၀၀ ကျော်ကို လွတ်ငြိမ်းခွင့်နဲ့ မနေ့က ပြန်လွှတ်ပေးရာမှာ လွတ်မြောက်လာတာ ဖြစ်ပါတယ်။

ရိုက်တာသတင်းထောက် နှစ်ဦးကို သမ္မတက လွတ်ငြိမ်းခွင့်ပေးလိုက်တဲ့ အပေါ် ကုလသမဂ္ဂ၊ အမေရိကန်နဲ့ ဗြိတိန်အပါအ၀င် ကမ္ဘာ့နိုင်ငံတွေနဲ့ အဖွဲ့အစည်းအသီးသီးက ကြိုဆိုဂုဏ်ပြုတဲ့ အကြောင်း သဘောထား ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန် သမ္မတ အိမ်ဖြူတော်ကလည်း သတင်းထောက် ၂ ဦး မိသားစုတွေနဲ့ ပြန်လည်ဆုံ ဆည်းခွင့်ရတဲ့အတွက် ၀မ်းမြောက်တဲ့ အကြောင်းနဲ့ မြန်မာပြည်မှာ အကျဉ်းကျနေတဲ့ တခြား သတင်းထောက်တွေကိုလည်း  လွတ်မြောက်ခွင့်ပေးဖို့ ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ-Fortune

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013