DVB Logo
Home
မြန်မာသတင်း
ကလေးမြို့ အကျဉ်းထောင်တွင် အကျဉ်းသားများဆူပူ အချက် ၄ ချက် တောင်းဆို
DVB
·
May 8, 2019
ကလေးမြို့ အကျဉ်းထောင်တွင် အကျဉ်းသားများဆူပူ အချက် ၄ ချက် တောင်းဆို
1 / 5
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့ အကျဉ်းထောင်ထဲမှာ အကျဉ်းသားတွေဟာ မေလ ၈ ရက်နေ့ မနက်က ဆူပူလှုပ်ရှားမှုစတင်ခဲ့ပြီး တန်းတူ လွတ်ငြိမ်းသက်သာခွင့်ရရှိရေး အပါအ၀င် အချက် ၄ ချက် တောင်းဆိုလိုက်ပါတယ်။

မနက်ပိုင်း ၉ နာရီခွဲလောက်က ကလေးအကျဉ်းထောင် အိပ်ဆောင်အမှတ် ၁ အမျိုးသမီးဆောင်ကနေ စတင်အော်ဟစ်ခဲ့တာဖြစ်ပြီး အခြားအဆောင်တွေကို ကူးစက်ခဲ့ကာ ခရိုင်အဆင့် တာဝန်ရှိသူတွေ သွားရောက်တဲ့ အခါမှာတော့ ဆိုင်းဘုတ်တွေ ကိုင်ဆောင် တောင်းဆိုခဲ့ကြပါတယ်။

အကျဉ်းသားတွေ တောင်းဆိုတဲ့ အချက် ၄ ချက်ကတော့ တန်းတူ လွတ်ငြိမ်းခွင့် အခွင့်အရေး ရရှိရေး၊ မီဒီယာများနှင့် အမြန်ဆုံး ချက်ချင်းခေါ်ယူပေးရေး၊ လူ့အခွင့်အရေး ကော်မရှင်ချက်ချင်းခေါ်ယူပေးရေး၊ အစိုးရတာဝန်ရှိသူများကို ချက်ချင်းခေါ်ယူပေးရေး တို့ ဖြစ်ပါတယ်။

အကျဉ်းသားတွေ တောင်းဆိုမှုဟာ ဘာအတွက် တောင်းဆိုတယ်ဆိုတဲ့ အဖြေကိုတော့ သေချာမသိဘူးလို့ အကျဉ်းထောင်ဝန်ထမ်းအချို့က ပြောပါတယ်။

နိုင်ငံတော်သမ္မတက လွတ်ငြိမ်းသက်သာခွင့် သုံးကြိမ်နဲ့ အကျဉ်းသားပေါင်း  ၂၃၀၀၀ ကျော်ကို ပြန်လွှတ်ပေးခဲ့ပေမယ့် ဒီအထဲမှာ ပါဝင်မလာဘဲ ဆက်လက် ထောင်ဒဏ်ကျခံနေရတဲ့  ထောင်သားတွေက ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

လက်ရှိ ကလေးအကျဉ်းထောင်မှာ ပြစ်ဒဏ်ကျနေသူ အမျိုးသား ၁၆၃၆ ဦး၊ အမျိုးသမီး ၂၀၂ ဦး၊ အချုပ်သား အမျိုးသား ၁၆၄ ဦး၊ အမျိုးသမီး ၂၉ ဦး စုစုပေါင်း ၂၀၃၁ ဦး ရှိတယ်လို့ သိရပါတယ်။

သတင်း- မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013