DVB Logo
Home
Lead Story
ချစ်ခြင်းမေတ္တာဖြင့် ကြက်ခြေနီ (အယ်ဒီတာအာဘော်)
DVB
·
May 8, 2019
ချစ်ခြင်းမေတ္တာဖြင့် ကြက်ခြေနီ (အယ်ဒီတာအာဘော်)
Donate to DVB

၂၀၁၉ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ ဆောင်ပုဒ်သည် “Love” မြန်မာလိုဆိုလျှင် “ချစ်ခြင်းမေတ္တာ” ဖြစ်သည်။

ကြက်ခြေနီများအနေဖြင့် ပြည်သူလူထုအတွက် လူမှုကရုဏာ အကူအညီများကို စေတနာ၊ မေတ္တာ အရင်းခံဖြင့် လုပ်ဆောင်ပေးနေကြောင်းကို “သင် ဘာကြောင့် ကြက်ခြေနီကို ချစ်ခင်နှစ်သက်ပါသလဲ” ဆိုသည့် ရိုးရှင်းသည့်အဓိပ္ပာယ်ပင် ဖြစ်သည်။

ကမ္ဘာ့ကြက်ခြေနီနေ့သည် ကြက်ခြေနီလှုပ်ရှားမှုကို အစပြုပေးခဲ့သည့် ဟင်နရီဒူးနန့်၏ မွေးနေ့ဖြစ်သကဲ့သို့ ကမ္ဘာ့နိုင်ငံအသီးသီးရှိ ကြက်ခြေနီ စေတနာလုပ်အားရှင်များကို ဂုဏ်ပြုသည့် နေ့ထူးနေ့မြတ်လည်း ဖြစ်သည်။

ယခုဆိုလျှင် နိုင်ငံပေါင်း ၁၉၀ တွင် နိုင်ငံအစိုးရများက ဖွဲ့စည်းထားသည့် အမျိုးသား ကြက်ခြေနီ၊ လခြမ်းနီအသင်းပေါင်း ၁၉၀ ရှိနေပြီဖြစ်သည်။

နှစ်စဉ် စေတနာလုပ်အားရှင် ကြက်ခြေနီ ၁၇ သန်းကျော်သည် ကမ္ဘာတဝန်းတွင် အကူအညီလိုအပ်သူပေါင်း သန်း ၁၆၀ ခန့်ကို လူမှုကရုဏာ အကူအညီများ ပေးနေသည်ဟု သိရှိရသည်။

မြန်မာနိုင်ငံတွင်လည်း မြန်မာနိုင်ငံကြက်ခြေနီအသင်းက လေ့ကျင့်သင်ကြားပေးထားသည့် ကြက်ခြေနီ စေတနာလုပ်အားရှင် ၄၄၀၀၀ ကျော်ကတဆင့် နှစ်စဉ် ပြည်သူလူထု ပျမ်းမျှ ငါးသိန်းကျော်အား လူမှုကရုဏာ အကူအညီများ ပေးနေသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဒေါ်မြသူက ၂၀၁၉ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း အသင်းက အကောင်အထည်ဖော် ဆောင်ရွက်နေသည့် “ရပ်ရွာလူထု ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်း မြင့်မားရေး” အစီအစဉ်တွင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် တိုက်တွန်း နှိုးဆော်ထားသည်။

မြန်မာနိုင်ငံတွင် လူ ၁၀၀ ဘေးဒုက္ခခံစားရပါက ၁ ဒသမ ၁၃ ဦးနှုန်း သေဆုံးနေပြီး အရှေ့တောင်အာရှနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ဘေးအန္တရာယ် ကျရောက်စဉ်ကာလ သေဆုံးနှုန်း မြင့်မားနေသည်။

ဘေးအန္တရာယ် ဖြစ်ပွားမှုနှုန်း မြင့်တက်လာသဖြင့် ကြက်ခြေနီအသင်းအနေဖြင့် ရှေးဦးသူနာပြုစုခြင်းလုပ်ငန်း၊ ဘေးဒုက္ခကြိုတင်ပြင်ဆင်ရေး၊ တုံ့ပြန်ရေး၊ ဘေးအန္တရာယ် လျှော့ချရေး လုပ်ငန်းများကို ယခုထက် ပိုမိုဆောင်ရွက်ရန် လိုအပ်နေသေးသည်။

နိုင်ငံတော်အစိုးရ အနေဖြင့်လည်း လိုအပ်သော အကူအညီများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တဆင့် ပံ့ပိုးကူညီ ဆောင်ရွက်ရန်လိုပေသည်။

လူထုအခြေပြု ကျန်းမာရေးနှင့် ရှေးဦးပြုစုပေးခြင်း၊ ရပ်ရွာလူထု ကြံ့ကြံ့ခံနိုင်စွမ်း မြှင့်တင်ရေး၊ ခြေတုလက်တု ပြန်လည်သန်စွမ်းရေး၊ မိသားစု အဆက်အသွယ် ပြန်လည်ရရှိရေး၊ ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေး၊ တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်နေသည့် နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် အသင်းသားများကို ဂုဏ်ပြုစကား ဆိုလိုက်ရပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013