DVB Logo
Home
မြန်မာသတင်း
တိုင်းပြည်ငြိမ်းချမ်းဖို့ဆက်လုပ်သွားမည်ဟု ပြန်လွတ်လာသည့် ABSDF မြောက်ပိုင်း ဒုဥက္ကဋ္ဌပြော
DVB
·
May 8, 2019
တိုင်းပြည်ငြိမ်းချမ်းဖို့ဆက်လုပ်သွားမည်ဟု ပြန်လွတ်လာသည့် ABSDF မြောက်ပိုင်း ဒုဥက္ကဋ္ဌပြော
Donate to DVB

မတရားအသင်းဆက်သွယ်မှုနဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်ခံထားရတဲ့ မြန်မာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF မြောက်ပိုင်းဒုဥက္ကဋ္ဌ ကိုအောင်ဆွေဦးနဲ့ ကိုမောင်ဦးတို့ သမ္မတရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ မိုးညှင်း အကျဉ်းထောင်ကနေ မနေ့က  ပြန်လွတ်လာပါတယ်။

ငြိမ်းချမ်းရေးလမ်းကြောင်းမှာပဲ တိုင်းပြည်ငြိမ်းချမ်းဖို့လိုအပ်တဲ့ တထောင့် တနေရာကနေ ပါဝင်ဆောင်ရွက်သွားမယ်လို့  အကျဉ်းထောက်ကနေ ပြန်လွတ်လာပြီးနောက် ကိုအောင်ဆွေဦးက ဒီဗွီဘီကို ပြောပါတယ်။

“သမ္မတကြီးရဲ့တိုင်းပြည်အပေါ် ကျောသားရင်သားမခွဲခြားဘဲ တပြေးညီ လွတ်ငြိမ်း သက်သာခွင့်အပေါ် ကျေးဇူးတင်ပါတယ်။ ကိုယ့်ကိုဖမ်းဆီးထောင်ချခဲ့တဲ့ အပေါ် ရန်ငြိုးရန်ဖွဲ့ မထားပါဘူး။ ငြိမ်းချမ်းရေးလမ်းကြောင်းမှာပဲ တိုင်းပြည်ငြိမ်းချမ်းဖို့ လိုအပ်တဲ့ တထောင့် တနေရာကနေ ပါဝင်သွားမယ်”

မိသားစုဝင်မကြိုင်ကြိုင်က “လွတ်မယ်ဆိုတာ မထင်ထားဘူး။ တကယ်လွတ်လာတော့ ပျော်တာပေါ့။ သမ္မတကြီးနဲ့ သက်ဆိုင်ရာလူကြီးမင်းတွေကိုကျေးဇူးတင်ပါတယ်”လို့ ပြောပါတယ်။

ကိုအောင်ဆွေဦးတို့ နှစ်ဦးဟာ မိုးညှင်းမြို့နေ ရဲဘော်ဟောင်းတဦးရဲ့ နာရေးကိစ္စနဲ့ လာရောက်စဉ် ၂၀၁၈ နိုဝင်ဘာ ၃၀ ရက်ညမှာ ဖမ်းဆီးခံခဲ့ရပြီး မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁)နဲ့  မိုးညှင်းမြို့နယ်တရားရုံးက ဧပြီ ၁၁ ရက်မှာ ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

သတင်း - မုန်းမုန်းမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013