DVB Logo
Home
မြန်မာသတင်း
ဆေးခြောက်နွယ်ဝင် အပင်များ စိုက်ပျိုးမှုနဲ့ ဖမ်းဆီးခံရသူ ၃ ဦးကို ရုံးထုတ်
DVB
·
May 7, 2019
ဆေးခြောက်နွယ်ဝင် အပင်များ စိုက်ပျိုးမှုနဲ့ ဖမ်းဆီးခံရသူ ၃ ဦးကို ရုံးထုတ်
Donate to DVB

မြို့သာစက်မှုဇုန်မှာ  အာဟာရ ဆေးဝါးကုမ္ပဏီက ဆေးခြောက်နွယ်ဝင်အပင်တွေ စိုက်ပျိုးတာနဲ့ပတ်သက်ပြီး ဖမ်းဆီးခံထားရသူ ၃ ဦးကို ငါန်းဇွန်မြို့နယ်တရားရုံးမှာ ဒီကနေ့ ရုံးထုတ်ပြီး ဒုတိယအကြိမ် ရမန် ယူပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အမေရိကန်နိုင်ငံသားတဦးအပါအဝင် မြန်မာနိုင်ငံသား ၂ ဦးကို မူးယစ်ဆေးဝါးဥပဒေ ပုဒ်မ ၁၆(က)၊ ၁၉(က)၊ ၂၀(က)၊ ၂၁ တွေနဲ့ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။

ဒီကနေ့ ရုံးထုတ်မှာတော့  အဆိုပါစိုက်ပျိုးခင်းမှာ နေ့စားအလုပ်လုပ်ကိုင်ကြတဲ့ ဒေသခံ တောင်သူ ၅၀ ကျော်လောက်က ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အမေရိကန်နိုင်ငံသား ဂျွန်ကို ရင်းရင်းနှီး လာရောက်တွေ့ဆုံ နှုတ်ဆက်ခဲ့တာကိုလည်း တွေ့ရပါတယ်။

ကွေ့ကြီးကျေးရွာက ဒေသခံ ဦးအုန်းမြင့်က “စိုက်ခင်းမှာက ကျနော့်ရွာက အလုပ်သမား ၄၀ လောက်ကို အလုပ်ရှာပေးထားတာပါ။ အဲ့ဒီလူတွေဟာ တကယ်ဆင်းရဲတဲ့သူတွေ သွင်းပေးရင်းနဲ့ ၇ လပိုင်းမှာ ဂျွန်နဲ့ တွေ့တယ်။ အဲ့မှာ ဂျွန်ဆီက လုပ်ငန်းတွေမှာ အလုပ်သမားထည့်ပေးဖို့ တောင်းဆိုခဲ့တာ။ အဲ့မှာ ဂျွန်က အလုပ်သမားတွေခေါ်ပေး နေ့စားနဲ့ ခိုင်းတယ်ပေါ့။ ကျနော်ရွာက ဆင်းရဲ နွမ်းပါးတဲ့ မိသားစုတွေပေါ့”လို့ ပြောပါတယ်။

မန္တလေးတိုင်း  ငါန်းဇွန်မြို့နယ် မြို့သာစက်မှုဇုန်ထဲမှာ ကုမ္ပဏီက မြေဧက ၆၀ ကို ငှားရမ်းခဲ့ပြီးနောက် ဆေးခြောက်နွယ်ဝင်အပင်တွေ စိုက်ပျိုးခဲ့တယ်ဆိုပြီး အမေရိကန်နိုင်ငံသား ၂ ယောက်နဲ့ မြန်မာ ၂ ယောက်တို့ကို အမှုဖွင့်ထားတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013