DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
May 7, 2019
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိသာ ၆၀ ဝင်တအိတ်ကို ၇၉၂၀၀ ပေါက်ဈေးရှိပြီး ၃၀၀ ကျပ် ဈေးကျသွားပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ မတ်ပဲ (သစ်) တအိတ်ကို ၇၈၀၀၀ ကနေ ၈၃၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၃၈၀၀ ကျပ် ဈေးကွာခြားပါတယ်။

ပဲစင်းငုံနီ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ (ဟောင်း) က ပိသာ ၆၀ ဝင်တအိတ်ကို ၈၉၂၀၀ ပေါက်ဈေးရှိပြီး ၉၀၀ ကျပ် ဈေးကျသွားပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ (သစ်) တအိတ်ကို ၉၅၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ် ဈေးကျသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၅၈၀၀ ကျပ် ဈေးကွာခြားပါတယ်။

ပဲတီစိမ်း

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲတီစိမ်းက ၅၆ ဒသမ ၂၅ ပိသာဝင်တအိတ်ကို ၈၄၃၀၀ ကနေ ၁၂၇၆၀၀ အထိ ပေါက်ဈေးရှိပြီး ၉၀၀ ကျပ် ဈေးကျသွားပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ ပဲတီစိမ်းတအိတ်ကို ၁၂၂၀၀၀ ကနေ ၁၂၃၀၀၀ အထိ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ် ဈေးကျသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင်မှာ ပဲတီစိမ်းတအိတ်ကို ၄၆၀၀ ကျပ် ဈေးကွာခြားပါတယ်။

ကုလားပဲ (နိုင်းတူးနိုင်း)

မန္တလေးကုန်စည်ဒိုင်မှာ ကုလားပဲ (နိုင်းတူးနိုင်း) က ၅၆ ဒသမ ၂၅ ပိသာဝင် တအိတ်ကို ၈၂၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ် ဈေးကျသွားပါတယ်။ မကွေးကုန်စည်ဒိုင်မှာ ကုလားပဲ (နိုင်းတူးနိုင်း) တအိတ်ကို ၈၂၅၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မကွေးကုန်စည်ဒိုင် ၅၀၀ ကျပ် ဈေးကွာခြားပါတယ်။

နှမ်းဖြူ

မန္တလေးကုန်စည်ဒိုင်မှာ နှမ်းဖြူက ၄၅ ပိသာဝင်တအိတ်ကို ၁၈၀၀၀၀ ကနေ ၁၈၅၀၀၀ အထိ ပေါက်ဈေးရှိပြီး ၅၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မကွေးကုန်စည်ဒိုင်မှာ နှမ်းဖြူတအိတ်ကို ၁၇၈၀၀၀ ကနေ ၁၈၀၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မကွေးကုန်စည်ဒိုင် ၅၀၀၀ ကျပ် ဈေးကွာခြားပါတယ်။

ပဲကြီး

မန္တလေးကုန်စည်ဒိုင်မှာ ပဲကြီးက ၅၅ ဒသမ ၂၅ ပိသာဝင်တအိတ်ကို ၇၅၀၀၀ ကနေ ၉၈၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ ဆင်ဖြူကျွန်းကုန်စည်ဒိုင်မှာ ပဲကြီးတအိတ်ကို ၉၃၀၀၀ ပေါက်ဈေးရှိပြီး ၃၀၀၀ ကျပ် ဈေးကျသွားပါတယ်။ မန္တလေးနဲ့ ဆင်ဖြူကျွန်းကုန်စည်ဒိုင် ၅၀၀၀ ကျပ် ဈေးကွာခြားပါတယ်။

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013