DVB Logo
Home
မြန်မာသတင်း
ဟင်္သာတခရိုင်တွင် လေပြင်းတိုက်ခတ်၊ အိမ်ခြေ ၂၀၀ ကျော် ပျက်စီး
DVB
·
May 7, 2019
ဟင်္သာတခရိုင်တွင် လေပြင်းတိုက်ခတ်၊ အိမ်ခြေ ၂၀၀ ကျော် ပျက်စီး
1 / 3
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်အတွင်းက မြို့နယ် ၃ ခုမှာ မေလ ၆ ရက်နေ့က လေပြင်းတိုက်ခတ်တာကြောင့် အိမ်ခြေ ၂၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ တိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာနကနေ သိရပါတယ်။

လေပြင်းတိုက်ခတ်မှုတွေကြောင့် ဟင်္သာတခရိုင် အင်္ဂပူမြို့နယ်မှာ အိမ်ခြေ ၁၉၈ လုံး ဇလွန်မြို့နယ်မှာ အိမ်ခြေ ၉ လုံးနဲ့ ဟင်္သာတမြို့နယ်မှာ အိမ်ခြေ ၅၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဧရာဝတီတိုင်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဦးစီးဌာန ညွန်ကြားရေးမှူး ဦးသန်းစိုးက ပြောပါတယ်။

"လုံးဝလဲပြိုသွားတဲ့ အိမ်တွေရှိတယ်နောက်ပြီး အမိုးလန်တဲ့အိမ်တွေရှိတယ်။ အမိုးလန်တာ ဆိုတော့ ချက်ချင်းပြန်ပြင်လို့ ရတာပေါ့။ ကယ်ဆယ်ရေးပစ္စည်းတွေကိုတော့ ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ကိုယ်တိုင် ဦးဆောင်ပြီး သွားရောက်ပေးအပ်နေပါတယ်။”

လေပြင်းကြောင့် အိမ်ခြေ ၃၆ လုံး လဲပြိုကျခဲ့ပြီး အိမ်လဲပြိုမှုကြောင့် အမျိုးသား ၃၅၈ ဦးနဲ့ အမျိုးသမီး ၃၉၉ ဦး နေထိုင်စရာ အခက်အခဲ ဖြစ်ပေါ်နေတာကြောင့် ဆွေမျိုးနေအိမ်တွေနဲ့ နီးစပ်ရာဘုန်းကြီးကျောင်း ဓမ္မရုံတွေမှာ ခေတ္တနေထိုင်နေကြရပါတယ်။

ဧရာဝတီတိုင်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဦးစီးဌာနကတော့ လဲပြိုသွားတဲ့ သစ်သားနေအိမ်တွေ အတွက် ငွေကျပ် ၂ သိန်းနဲ့ တပတ်စာဆန်ရိက္ခာ ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုး၊ ဝါးဓနိအိမ်တွေအတွက် ငွေကျပ် ၁ သိန်းနဲ့ တပတ်စာဆန်ရိက္ခာ ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုး၊ အမိုးလန်သွားတဲ့ အိမ်တွေအတွက် ငွေကျပ် ၁ သောင်းကနေ ၉ သောင်းအထိနဲ့ တပတ်စာဆန်ရိက္ခာကို ကူညီထောက်ပံ့ပေးထားပါတယ်။

မြမင်းဦး(ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013