DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင်တိုက်ပွဲဖြစ်နေသော်လည်း ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်များကို ပြန်လက်ခံမည်
DVB
·
May 7, 2019
ရခိုင်တွင်တိုက်ပွဲဖြစ်နေသော်လည်း ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်များကို ပြန်လက်ခံမည်
Donate to DVB

ရခိုင်ပြည်နယ်မှာ တိုက်ပွဲဖြစ်ပွားနေပေမယ့် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို  ပြန်လက်ခံရေး ကိစ္စတွေတော့ ထိခိုက်မှု လုံးဝမရှိဘူးလို့ အလုပ်သမား၊ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။

“လက်ရှိ တိုက်ပွဲတွေဖြစ်တဲ့ နေရာက ဘူးသီးတောင်၊ မောင်တောဘက်မှာဖြစ်တာနည်းပါ တယ်။ ဒါကြောင့်မို့လို့ စိတ်ထဲမှာတော့ စိုးရိမ်ကောင်းစိုးရိမ်နေလိမ့်မယ်။ လက်ရှိ လုံခြုံရေး အနေအထားအရ အဲ့ဒီ ပြန်လည်လက်ခံရေးအဖွဲ့တွေအတွက် အများကြီး အနှောင့်အယှက် မဖြစ်ပါဘူး။ သို့သော် အရင်ကထက်စာရင် ပိုပြီးတော့မှ လုံခြုံရေးအရ သတိထားရတာပေါ့၊ အထူးအားဖြင့် ပြန်လည်လက်ခံဖို့ အေဂျင်စီတွေ ဘာတွေညာတွေ သူတို့ သွားတယ်လာတယ်။ လေ့လာမယ်ဆိုရင် လုံခြုံရေးအရတော့ ဒီထက်နည်းနည်းလေး ဂရုစိုက်ပေးရမှာဖြစ်တယ်”

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ပေးပို့လာတဲ့ ဒုက္ခသည် ၂၀၀၀၀ စာရင်းကို စစ်ဆေးပြီးတော့ အဲ့ဒီအထဲက ၇၀၀၀ ကျော် ကို လက်ခံနိုင်တယ်လို့ ပြန်လည်အကြောင်း ထားပြီးဖြစ်တယ်လို့ လည်း ၀န်ကြီးက ပြောပါတယ်။

“ပေးပို့လာတဲ့ နှစ်သောင်းကျော်စာရင်းကနေ ဟိုဘက်ကို ခုနှစ်ထောင်ကျော် ရှစ်ထောင်နီးပါးရှိတဲ့ ဒီလူတွေဟာ မြန်မာနိုင်ငံမှာ နေထိုင်သွားတယ်လို့ အတည်ပြုနိုင်တဲ့အတွက် ဒီလူတွေကိုတော့ ပထမဆုံး လက်ခံနိုင်တယ်လို့ ပြောထားပြီးပြီ။ ပို့လည်း ပို့ထားပါတယ်။ ဆက်လက်ပြီးတော့လည်း မြန်မာနိုင်ငံမှာနေထိုင်တယ်လို့ အထောက်အထားမှန်ကန်ရင် ဆက်လက် လက်ခံသွားဖို့ရှိပါတယ်”လို့ လည်း ၀န်ကြီး ဦးသိန်းဆွေက ပြောပါတယ်။

ဒုက္ခသည်တွေ ပြန်လည်လက်ခံဖို့ အတွက် မြန်မာနိုင်ငံအနေနဲ့ အသင့်အနေအထား အမြဲရှိနေပြီး ပြန်လည်ခံတယ်ဆိုတဲ့ သတင်းတွေကို ဒုက္ခသည်တွေအနေနဲ့ မသိရှိတာတွေ၊ ပြန်လာချင်ပေမယ့် လွတ်လပ်စွာ ပြန်လာလို့မရတာတွေရယ်ကို ကြုံတွေ့နေကြရတယ်လို့ ၀န်ကြီးက ဖြေကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013