DVB Logo
Home
မြန်မာသတင်း
ထိုင်းဘုရင်နန်းတက်ကာလ ချင်းမိုင်တွင် မြန်မာလုပ်သားများ ဖမ်းဆီးခံရ
DVB
·
May 7, 2019
ထိုင်းဘုရင်နန်းတက်ကာလ ချင်းမိုင်တွင် မြန်မာလုပ်သားများ ဖမ်းဆီးခံရ
1 / 6
Donate to DVB

ထိုင်းနိုင်ငံမှာ ဘုရင်သစ်နန်းတက်ပွဲ ကျင်းပစဉ်ကာလအတွင်း တာဝန်ရှိသူတွေက လုံခြုံရေးအတွက် ရာဇ၀တ်မှုတွေနဲ့ ဥပဒေနဲ့ မညီညွှတ်မှုတွေကို လိုက်လံစစ်ဆေးခဲ့ပါတယ်။

အဆိုပါစစ်ဆေးမှုတွေအရ မေလ ၄ ရက်မှ ၆ ရက်အထိ  သုံးရက်တာကာလ အတွင်း ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်မှာ တရားမ၀င်မြန်မာအလုပ်သမား ၁၆ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။

မေလ ၅ ရက် ညက ချန့်ဖိုတ်ရပ်ကွက်ရှိ ကာရာအိုကေဆိုင်တဆိုင်မှာ အလုပ်လုပ်နေသူ ၄ ဦးကိုတွေ့ရှိကြောင်း၊ ၂ ဦးမှာ အသက် ၂၀ နှစ်ရွယ်ရှိ မြန်မာမိန်းကလေးတွေဖြစ်ပြီး နေထိုင်ခွင့် အထောက်အထားမရှိတဲ့အတွက် သူတို့ကို ဖမ်းဆီးထားကာ ထိုင်းနိုင်ငံထဲ တရားမ၀င် ၀င်ရောက်မှု၊ ခွင့်ပြုချက်မရဘဲအလုပ်လုပ်မှုတွေနဲ့ အရေးယူသွားမယ်လို့ လ၀ကရဲတဦးက သတင်းထောက်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၄ ရက်ကတော့ ဆန်ဆိုင်းမြို့နယ် မဲ့ဖက်မိုင်ရပ်ကွက်တွင်းရှိ ကုန်စိမ်း အလုပ်ရုံတရုံမှာ မြန်မာလုပ်သား ၁၅ ဦး အလုပ်လုပ်နေတာတွေ့ရှိပြီး အဲဒီထဲက ၂ ဦး သာလျှင် အထောက်အထားလက်မှတ်ရှိကာ ကျန်တဲ့ ၁၃ ဦးမှာတော့ နေထိုင်ခွင့်လက်မှတ်မရှိတဲ့အတွက် နိုင်ငံထဲတရားမ၀င် ၀င်ရောက်နေထိုင်မှုနဲ့ တရားမ၀င်အလုပ်ဝင်လုပ်မှုတွေနဲ့ အရေးယူ သွားမယ် လို့ ဆိုပါတယ်။

ဒါ့အပြင် အဆိုပါ အလုပ်ရုံအနောက်ဘက်က တည်းခိုခန်းတခုကို ၀င်စစ်ရာမှာ အလုပ် လုပ်ခွင့် သက်တမ်းကုန်ဆုံးနေသူ မြန်မာလုပ်သား ၁ ဦး နဲ့ နိုင်ငံခြားသားတွေကို ခိုလှုံခွင့်ပေးပြီး ၁၅ ရက်အတွင်း သက်ဆိုင်ရာကို ဧည့်စာရင်းမတိုင်ခဲ့တဲ့ အသက် ၅၇ နှစ်ရွယ် တည်းခိုခန်းပိုင်ရှင် ကိုပါ တရားဥပဒေအရ အရေးယူဖို့ ဖမ်းဆီးထားကြောင်း တာဝန်ရှိသူက ပြောပါတယ်။

ကိုးကား - ချင်းမိုင်နယူးစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013