DVB Logo
Home
မြန်မာသတင်း
အကျဉ်းသား ၆၅၀၀ ကျော်ကို သမ္မတ ပြန်လွှတ်ပေး၊ ရိုက်တာသတင်းထောက် ၂ ဦးပါဝင်
DVB
·
May 7, 2019
အကျဉ်းသား ၆၅၀၀ ကျော်ကို သမ္မတ ပြန်လွှတ်ပေး၊ ရိုက်တာသတင်းထောက် ၂ ဦးပါဝင်
Donate to DVB

နိုင်ငံတဝန်း အကျဉ်းထောင်၊ အကျဉ်းစခန်း အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား/သူ ၆၅၀၀ ကျော်ကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က မေလ ၇ ရက်နေ့မှာ ပြစ်ဒဏ် လွတ်ငြိမ်းသက်သာခွင့်ပေးပြီး ပြန်လွှတ်ပေးလိုက်ပါတယ်။

အင်းစိန်ထောင်ကနေ ဒီမနက် ပြန်လွတ်လာတဲ့ အထဲမှာ ရိုက်တာသတင်းဌာနရဲ့ မြန်မာသတင်းထောက် ၂ ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့လည်း ပါဝင်လာတယ်လို့ ရိုက်တာက သတင်းထုတ်ပြန်ပါတယ်။

မြန်မာနှစ်သစ်မင်္ဂလာ အခါသမယ အထိမ်းအမှတ်အနေနဲ့ လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနဲ့ လူသားချင်း စာနာထောက်ထားမှုကို အလေးထားတဲ့အနေနဲ့ လည်းကောင်း၊ နိုင်ငံတော်အစိုးရရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ချောမွေ့အောင်မြင်စေရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး အထောက်အကူပြုစေဖို့အတွက် လည်းကောင်း  အကျဉ်းသားပေါင်း ၆၅၂၀ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ ပုဒ်ခွဲ (၁) အရ စည်းကမ်း သတ်မှတ်ချက် မထားဘဲ လွတ်ငြိမ်းသက်သာခွင့် ပေးလိုက်တာလို့ သမ္မတရုံးအမိန့်စာမှာ ဖော်ပြထားပါတယ်။

မြန်မာနှစ်သစ်ကူး အတာသင်္ကြန်အပြီး ဧပြီ ၁၇ ရက်နေ့ကလည်း နိုင်ငံသားအကျဉ်းသားပေါင်း ၉၅၃၅ ဦးနဲ့ နိုင်ငံခြားသား အကျဉ်းသား ၁၆ ဦးကို နိုင်ငံတော်သမ္မတက ပထမအကြိမ် လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။

ဒါ့အပြင် ဧပြီ ၂၆ ရက်နေ့ကလည်း နိုင်ငံသားအကျဉ်းသား အကျဉ်းသူပေါင်း ၆၉၄၈ ဦးကို သမ္မတက ဒုတိယအကြိမ် လွတ်ငြိမ်းသက်သာခွင့်ပေးပြီး အကျဉ်းထောင်အသီးသီးကနေ ပြန်လွှတ်ပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလနဲ့ အခုမေလ ၂ လအတွင်း သမ္မတက သုံးကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ပြန်လွှတ်ပေးခဲ့တဲ့ အကျဉ်းသားစုစုပေါင်း ၂၃၀၀၀ ကျော် ရှိသွားပြီဖြစ်ပြီး ဒီအထဲမှာ နိုင်ငံရေးအကျဉ်းသားတချို့လည်း ပြန်လွတ်လာပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013