DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
May 6, 2019
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိသာ ၆၀ ဝင်တအိတ်ကို ၇၉၅၀၀ ပေါက်ဈေးရှိပြီး ၃၀၀ ကျပ် ဈေးကျသွားပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ မတ်ပဲ(သစ်) တအိတ်ကို ၇၈၀၀၀ ကနေ ၈၃၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၃၅၀၀ ကျပ် ဈေးကွာခြားပါတယ်။

ပဲစင်းငုံနီ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ (ဟောင်း) က ပိသာ ၆၀ ဝင်တအိတ်ကို ၉၀၁၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ် ဈေးကျသွားပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ (သစ်) တအိတ်ကို ၉၅၀၀၀ ကနေ ၉၇၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၆၉၀၀ ကျပ် ဈေးကွာခြားပါတယ်။

ပဲထောပတ်

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲထောပတ်က ၅၆ ဒသမ ၂၅ ပိသာဝင်တစအိတ်ကို ၉၇၅၀၀ ကနေ ၁၀၇၇၀၀ အထိ ပေါက်ဈေးရှိပြီး ၄၈၀၀ ကျပ် ဈေးကျသွားပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ ပဲထောပတ်တအိတ်ကို ၁၀၂၀၀၀ ကနေ ၁၀၈၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၃၀၀ ကျပ် ဈေးကွာခြားပါတယ်။

ပဲနီပြား

မန္တလေးကုန်စည်ဒိုင်မှာ ပဲနီပြားက ၅၅ ဒသမ ၂၅ ပိသာဝင်တအိတ်ကို ၆၅၀၀၀ ကနေ ၇၅၀၀၀ အထိ ပေါက်ဈေးရှိပြီး ၃၀၀၀ ကျပ် ဈေးကျသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာ ပဲနီပြားတအိတ်ကို ၇၁၈၀၀ ကနေ ၇၇၃၀၀ အထိ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင် ၂၃၀၀ ကျပ် ဈေးကွာခြားပါတယ်။

ပဲဇီးကွက်

မန္တလေးကုန်စည်ဒိုင်မှာ ပဲဇီးကွက်က ၅၈ ဒသမ ၂၅ ပိသာဝင်တအိတ်ကို ၅၆၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ် ဈေးကျသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာ ပဲဇီးကွက်တအိတ်ကို ၅၄၃၀၀ ပေါက်ဈေးရှိပြီး ၁၂၀၀ ကျပ် ဈေးကျသွားပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် ၁၇၀၀ ကျပ် ဈေးကွာခြားပါတယ်။

ကုလားပဲ (ဟော်လန်)

ပခုက္ကူကုန်စည်ဒိုင်မှာ ကုလားပဲ (ဟော်လန်) က တအိတ်ကို ၈၂၈၀၀ ပေါက်ဈေးရှိပြီး ၁၂၀၀ ကျပ် ဈေးကျသွားပါတယ်။ ပေါင်းတည်ကုန်စည်ဒိုင်မှာ ကုလားပဲ (ဟော်လန်) က တအိတ်ကို ၈၂၅၀၀ ပေါက်ဈေးရှိပြီး ၄၅၀၀ ကျပ် ဈေးကျသွားပါတယ်။ ပခုက္ကူနဲ့ ပေါင်းတည်ကုန်စည်ဒိုင် ၃၀၀ ကျပ် ဈေးကွာခြားပါတယ်။

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013